K pop

■ BLACKPINK အဖွဲ့ရဲ့ အမာခံပရိသတ်တွေပါလို့ ဖွင့်ဟခဲ့တဲ့ MOMOLAND

-UNICODE

– – – MOMOLAND ကတော့ သူတို့တစ်ဖွဲ့လုံးဟာ BLACKPINK ရဲ့ အမာခံပရိသတ်တွေလို့ ဖွင့်ဟဝန်ခံသွားကြပြီး…

BLACKPINK ဟာ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်ခဲ့တာနဲ့အမျှ သူမတို့ကို တခြားအနုပညာရှင်များစွာကပါ အားပေးကြတာ ဖြစ်ပါတယ်။

သူမတို့အားပေးတဲ့ အနုပညာရှင်တွေထဲမှာ MOMOLAND အဖွဲ့ဝင်တွေလည်း အပါအဝင်ပါ။ Eric Nam ရဲ့ K-Pop Daebak Show မှာ MOMOLAND အဖွဲ့ဝင်တွေဖြစ်တဲ့ Ahin, Nancy နဲ့ Hyebin တို့ပါဝင်ခဲ့ရာမှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထုတ်ဖော်ခဲ့ပါတယ်။

အစပိုင်းတုန်းက အဲဒီ Show မှာ လတ်တလော နားထောင်ဖြစ်နေတဲ့ သီချင်းတွေအကြောင်း အမေးခံခဲ့ရပါတယ်။ “ဒါက K-Pop Daebak Show ပါ။ ဒါကြောင့် K-pop နဲ့ ပတ်သက်ပြီး နည်းနည်း ပြောရအောင်။ မင်းတို့ နားထောင်ဖြစ်တဲ့ တခြား K-pop သီချင်းတွေက ဘာဖြစ်မလဲ”လို့ Eric Nam က မေးခဲ့ပါတယ်။

ဒီအခါမှာတော့ Hyebin က သူမနောက်ဆုံးနားထောင်တာက BLACKPINK ရဲ့ Pretty Savage ဖြစ်တယ်လို့ ဆိုခဲ့ပြီး Nancy ကလည်း ဒီသီချင်းကို ကြိုက်နှစ်သက်ကြောင်း ထောက်ခံခဲ့ပါတယ်။

“ံHyeBin: BLACKPINK စီနီယာရဲ့ Pretty Savage ကို နားထောင်ဖြစ်ပါတယ်။

Nancy: ကျွန်မလည်း ဒီသီချင်းကို ကြိုက်တယ်”

အဲဒီနောက် နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Ahin က “ကျွန်မတို့အားလုံးက BLINKs”တွေပါလို့ ပြောကြားရင်း BLACKPINK ရဲ့ အမာခံပရိသတ်တွေဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ Nancy ကလည်း သူမဟာ BLACKPINK ရဲ့ အမာခံပရိသတ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားပြီး Selena Gomez နဲ့ Collab လုပ်ထားတဲ့ Ice Cream သီချင်းကိုလည်း ကြိုက်နှစ်သက်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ BLACKPINK အဖြဲ႕ရဲ႕ အမာခံပရိသတ္ေတြပါလို႔ ဖြင့္ဟခဲ့တဲ့ MOMOLAND

– – – MOMOLAND ကေတာ့ သူတို႔တစ္ဖြဲ႕လုံးဟာ BLACKPINK ရဲ႕ အမာခံပရိသတ္ေတြလို႔ ဖြင့္ဟဝန္ခံသြားၾကၿပီး…

BLACKPINK ဟာ ကမာၻ႔အဆင့္အထိ ထိုးေဖာက္ႏိုင္ခဲ့တာနဲ႔အမွ် သူမတို႔ကို တျခားအႏုပညာရွင္မ်ားစြာကပါ အားေပးၾကတာ ျဖစ္ပါတယ္။

သူမတို႔အားေပးတဲ့ အႏုပညာရွင္ေတြထဲမွာ MOMOLAND အဖြဲ႕ဝင္ေတြလည္း အပါအဝင္ပါ။ Eric Nam ရဲ႕ K-Pop Daebak Show မွာ MOMOLAND အဖြဲ႕ဝင္ေတြျဖစ္တဲ့ Ahin, Nancy နဲ႔ Hyebin တို႔ပါဝင္ခဲ့ရာမွာေတာ့ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ထုတ္ေဖာ္ခဲ့ပါတယ္။

အစပိုင္းတုန္းက အဲဒီ Show မွာ လတ္တေလာ နားေထာင္ျဖစ္ေနတဲ့ သီခ်င္းေတြအေၾကာင္း အေမးခံခဲ့ရပါတယ္။ “ဒါက K-Pop Daebak Show ပါ။ ဒါေၾကာင့္ K-pop နဲ႔ ပတ္သက္ၿပီး နည္းနည္း ေျပာရေအာင္။ မင္းတို႔ နားေထာင္ျဖစ္တဲ့ တျခား K-pop သီခ်င္းေတြက ဘာျဖစ္မလဲ”လို႔ Eric Nam က ေမးခဲ့ပါတယ္။

ဒီအခါမွာေတာ့ Hyebin က သူမေနာက္ဆုံးနားေထာင္တာက BLACKPINK ရဲ႕ Pretty Savage ျဖစ္တယ္လို႔ ဆိုခဲ့ၿပီး Nancy ကလည္း ဒီသီခ်င္းကို ႀကိဳက္ႏွစ္သက္ေၾကာင္း ေထာက္ခံခဲ့ပါတယ္။

“ံHyeBin: BLACKPINK စီနီယာရဲ႕ Pretty Savage ကို နားေထာင္ျဖစ္ပါတယ္။

Nancy: ကြၽန္မလည္း ဒီသီခ်င္းကို ႀကိဳက္တယ္”

အဲဒီေနာက္ ေနာက္ထပ္အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Ahin က “ကြၽန္မတို႔အားလုံးက BLINKs”ေတြပါလို႔ ေျပာၾကားရင္း BLACKPINK ရဲ႕ အမာခံပရိသတ္ေတြျဖစ္ေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။ Nancy ကလည္း သူမဟာ BLACKPINK ရဲ႕ အမာခံပရိသတ္ျဖစ္ေၾကာင္း ထပ္ေလာင္းေျပာၾကားၿပီး Selena Gomez နဲ႔ Collab လုပ္ထားတဲ့ Ice Cream သီခ်င္းကိုလည္း ႀကိဳက္ႏွစ္သက္ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page