K pop

■ BTS ကြောင့် မျက်ရည်ကျခဲ့ဖူးတဲ့ Park Jihoon

-UNICODE

– – – ဒီဇာတ်လမ်းက K-pop ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ ကြေကွဲဖွယ်ရာပုံပြင်ဖြစ်ပြီး…

BTS အဖွဲ့ဟာ အခုလို အောင်မြင်တဲ့ အနေအထားမျိုးရောက်လာဖို့ အခက်အခဲများစွာကို ကျော်ဖြတ်လာခဲ့ရတာပါ။

သူတို့ဟာ အခက်ခဲဆုံး၊ အမှောင်မိုက်ဆုံးလမ်းတွေကို လျှောက်လှမ်းခဲ့ရပြီးနောက်မှာမှ ရောင်ခြည်သစ်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် 2018 MAMA မှာ Artist of the Year ဆုကို ရတော့ BTS အဖွဲ့ဝင်တွေက အလွန်ပျော်သွားပြီး သူတို့ရဲ့ ခံစားချက်ကို အားပါးတရ ဖွင့်ဟခဲ့ပါတယ်။

“ဒီနှစ်အစပိုင်းမှာတောင် ကျွန်တော်တို့ ခက်ခဲခဲ့တဲ့အချိန်တွေ ရှိခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် စကားပြောကြည့်တော့ အဖွဲ့ဖျက်သိမ်းရဖို့အထိတောင် တွေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှလုံးသားတွေ ပေါင်းစည်းမိခဲ့လို့ အခုလို ခမ်းနားတဲ့ရလဒ်မျိုး ပေါ်ထွက်လာတာပါ”လို့ Jin က မျက်ရည်တွေကြားကနေ ဖွင့်ဟသွားခဲ့ပါတယ်။

BTS ရဲ့ 2018 MAMA စင်မြင့်ထက်က ဖွင့်ဟစကားတွေက ပရိသတ်တွေကိုသာမက အနုပညာရှင်တွေရဲ့ နှလုံးသားကိုပါ ဖမ်းစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့်Park Jihoon ပါ။

Park Jihoon ဟာ BTS အဖွဲ့ဝင်တွေရဲ့စကားကို နားထောင်နေချိန်မှာ ခံစားချက် ထိန်းမရတော့ဘဲ ငိုခဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် BTS အဖွဲ့ဝင်တွေကြောင့် မျက်ရည်ကျခဲ့ဖူးတဲ့ Park Jihoon ရဲ့ ဇာတ်လမ်းဟာ K-pop ပရိသတ်တွေကြားမှာတော့ ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ BTS ေၾကာင့္ မ်က္ရည္က်ခဲ့ဖူးတဲ့ Park Jihoon

– – – ဒီဇာတ္လမ္းက K-pop ပရိသတ္ေတြၾကားမွာ နာမည္ႀကီးခဲ့တဲ့ ေၾကကြဲဖြယ္ရာပုံျပင္ျဖစ္ၿပီး…

BTS အဖြဲ႕ဟာ အခုလို ေအာင္ျမင္တဲ့ အေနအထားမ်ိဳးေရာက္လာဖို႔ အခက္အခဲမ်ားစြာကို ေက်ာ္ျဖတ္လာခဲ့ရတာပါ။

သူတို႔ဟာ အခက္ခဲဆုံး၊ အေမွာင္မိုက္ဆုံးလမ္းေတြကို ေလွ်ာက္လွမ္းခဲ့ရၿပီးေနာက္မွာမွ ေရာင္ျခည္သစ္ကို ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ 2018 MAMA မွာ Artist of the Year ဆုကို ရေတာ့ BTS အဖြဲ႕ဝင္ေတြက အလြန္ေပ်ာ္သြားၿပီး သူတို႔ရဲ႕ ခံစားခ်က္ကို အားပါးတရ ဖြင့္ဟခဲ့ပါတယ္။

“ဒီႏွစ္အစပိုင္းမွာေတာင္ ကြၽန္ေတာ္တို႔ ခက္ခဲခဲ့တဲ့အခ်ိန္ေတြ ရွိခဲ့တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာၾကည့္ေတာ့ အဖြဲ႕ဖ်က္သိမ္းရဖို႔အထိေတာင္ ေတြးခဲ့ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ႏွလုံးသားေတြ ေပါင္းစည္းမိခဲ့လို႔ အခုလို ခမ္းနားတဲ့ရလဒ္မ်ိဳး ေပၚထြက္လာတာပါ”လို႔ Jin က မ်က္ရည္ေတြၾကားကေန ဖြင့္ဟသြားခဲ့ပါတယ္။

BTS ရဲ႕ 2018 MAMA စင္ျမင့္ထက္က ဖြင့္ဟစကားေတြက ပရိသတ္ေတြကိုသာမက အႏုပညာရွင္ေတြရဲ႕ ႏွလုံးသားကိုပါ ဖမ္းစားႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္Park Jihoon ပါ။

Park Jihoon ဟာ BTS အဖြဲ႕ဝင္ေတြရဲ႕စကားကို နားေထာင္ေနခ်ိန္မွာ ခံစားခ်က္ ထိန္းမရေတာ့ဘဲ ငိုခဲ့အထိ ျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ BTS အဖြဲ႕ဝင္ေတြေၾကာင့္ မ်က္ရည္က်ခဲ့ဖူးတဲ့ Park Jihoon ရဲ႕ ဇာတ္လမ္းဟာ K-pop ပရိသတ္ေတြၾကားမွာေတာ့ ဘယ္အခ်ိန္ျပန္ၾကည့္ၾကည့္ မ႐ိုးသြားတဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ပဲ ျဖစ္ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page