-UNICODE
– – – ဒီအဖွဲ့တွေဟာ ၂၀၂၀ ခုနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းဖွယ်ရာ…
X1
Produce X 101 အစီအစဉ်ကနေတစ်ဆင့် ပွဲထွက်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ အောြင်မင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Produce X 101 ရဲ့ မဲလိမ်လည်မှု ပြဿနာ အရှုပ်အထွေးတွေနဲ့ X1 ဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီမှာပဲ အဖွဲ့ဖျက်သိမ်းလိုက်ရပါတယ်။
1THE9
၂၀၁၉ ခုနှစ်က PocketDol Studio လက်အောက်ကနေ ပွဲထွက်ခဲ့တာဖြစ်ပြီး ဒီနှစ် သြဂုတ်လမှာ အဖွဲ့ဖျက်သိမ်းခဲ့ပါတယ်။ Under Nineteen ဆိုတဲ့ အစီအစဉ်ကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး Mini Album (၄) ချပ် ထုတ်ဝေခဲ့ပါတယ်။ နောက်ဆုံးမှာ အဖွဲ့ဝင်တွေက ကိုယ်ပိုင်လမ်းကြောင်းစီနဲ့ လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အဖွဲ့ဖျက်သိမ်းပစ်ခဲ့ပါတယ်။
Yellow Bee
Yellow Bee ကတော့ ၂၀၁၇ ခုနှစ်မှာ ပွဲထွက်ခဲ့ပြီး ဒီနှစ်မေလမှာ အဖွဲ့ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ဝင်ဟောင်း Ari ကတော့ သူမတို့ကို အေဂျင်စီက ထောက်ပံ့မှုအားနည်းခဲ့ပြီး လေယာဉ်လက်မှတ်ကအစ အဖွဲ့ဝင်တွေက အိတ်စိုက်ခဲ့ရတာလို့ ဆိုခဲ့ပါတယ်။
SPECTRUM
SPECTRUM ကတော့ ၂၀၁၈ ခုနှစ်မှာ ပွဲထွက်ခဲ့ပြီး ဒီနှစ် ဇူလိုင်လမှာ အဖွဲ့ဖျက်သိမ်းခဲ့ရပါတယ်။ ဝမ်းနည်းစရာကောင်းတာက SPECTRUM အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ဂယက်စ်ကြောင့် အေဂျင်စီ စီးပွားရေးတောင့်မခံနိုင်တဲ့အဆုံး ဖျက်သိမ်းပစ်လိုက်ရတာပါ။
Neon Punch
Neon Punch ကတော့ ပွဲထွက်ပြီး (၂) နှစ်အကြာ ဒီနှစ်သြဂုတ်လမှာ အဖွဲ့ဖျက်သိမ်းပစ်ခဲ့ရပါတယ်။ သူမတို့ကလည်း COVID-19 ရိုက်ခတ်မှုကြောင့် အဖွဲ့ဖျက်သိမ်းခဲ့ရတာပါ။ May နဲ့ Dohee တို့အဖွဲ့ကနေ ထွက်ခွာသွားပြီးနောက်
အေဂျင်စီက အဖွဲ့ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အဆိုးထဲကအကောင်းတစ်ခုကတော့ ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Dayeon, Baekah နဲ့ Iaan တို့ဟာ ဒီနှစ်အတွင်းမှာပဲ XUM အဖွဲ့အဖြစ် ပွဲထွက်ခဲ့ပါတယ်။
ဒီအဖွဲ့တွေအပြင် HINAPIA, TREI, ANS, WhiteDay,MASC နဲ့ KHAN တို့ကလည်း ၂၀၂၀ ခုနှစ်အတွင်း အခက်အခဲတွေ ကြုံတွေ့ရကာ ဝမ်းနည်းဖွယ်ရာ အနေအထားနဲ့ အဖွဲ့ဖျက်သိမ်းခဲ့ရပါတယ် ။
-ZAWGYI
■ ၂၀၂၀ ခုနှစ်အတွင်း ၀မ်းနည်းဖွယ်ရာ အဖွဲ့ဖျက်သိမ်းခဲ့တဲ့ K-pop အဖွဲ့ (၁၁) ဖွဲ့
X1
1THE9
Yellow Bee
SPECTRUM
Neon Punch