K pop

■ မင်္ဂလာဆောင်တစ်ခုက Tiffany ရဲ့အပြုအမူတစ်ခုကို မြင်တွေ့ပြီးနောက် ပရိသတ်တွေ ချီးကျူး

-UNICODE

– – – Tiffany ရဲ့ ပရော်ဖက်ရှင်နယ်ဆန်လွန်းတဲ့ အပြုအမူကို ပရိသတ်တွေက ကြွေနေကြပြီး……

တလောကတုန်းက ထွက်ပေါ်လာခဲ့တဲ့ မင်္ဂလာဆောင်တစ်ခုက ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး SNSD အဖွဲ့ဝင် Tiffany ဟာ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံနေရတာပါ။

Tiffany ဟာ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာအခမ်းအနားကို သွားရောက်ချီးမြှင့်ပေးခဲ့ပြီး အဲဒီမှာ သီချင်းပါ သီဆိုပေးခဲ့တာ ဖြစ်ပါတယ်။ Tiffany အနေနဲ့ Runaway, Once In a Lifetime နဲ့ H.E.R ရဲ့ Best Part တို့ကို သီဆိုပေးခဲ့တာပါ။

Mask တပ်ထားတာတောင်မှ မမောမပန်း၊ အသံငြိမ်ငြိမ်နဲ့ သီဆိုခဲ့တဲ့ Tiffany ရဲ့ ပုံစံကို ပရိသတ်တွေက ချီးကျူးခဲ့ကြပြီး ဒါကမှ Tiffany ရဲ့ ပုံစံအစစ်အမှန်ဖြစ်တယ်လို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

“Mask တပ်ပြီး သီချင်းဆိုရတာ ခက်တယ်ဆိုတာ ကြုံဖူးရင် သိပါလိမ့်မယ်။ ဒါမျိုးက Tiffany လိုလူမျိုးပဲ လုပ်နိုင်တာပါ။ သူမက ပရိုတစ်ယောက်လေ” “လုံးဝသက်သောင့်သက်သာ မဖြစ်တဲ့ အခြေအနေမျိုးမှာတောင် Tiffany က လှပနေရောပဲ”စသဖြင့် ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် တခြား Comment ပေါင်းများစွာကလည်း Tiffany ရဲ့ အဲဒီအပြုအမူနဲ့ ပတ်သက်ပြီး ချီးကျူးထားကြတာကို တွေ့ရပါတယ်။

-ZAWGYI








You cannot copy content of this page