K pop

■ GRAMMY Awardsကို ရနိုင်တယ်လို့ ဘာကြောင့် ထင်မှတ်မိသလဲဆိုတာ Jimin ဖွင့်ဟ

-UNICODE

– – -Jimin ကတော့ သူတို့ GRAMMY Awards ကို ရနိုင်တယ်လို့ ယုံကြည်ချက်ပြင်းထန်နေပြီး…..

ဒီဘက်နှစ်ပိုင်းမှာ BTS အဖွဲ့ဟာ အံ့အားသင့်ဖွယ်အောင်မြင်မှုကြီးတွေကို ဆက်တိုက်ရယူနေတာ ဖြစ်ပါတယ်။

အဲဒီအထဲကမှ GRAMMY Awards မှာ ဆန်ခါတင်စာရင်းဝင်ခဲ့တာက BTS ရဲ့ အကြီးမားဆုံးအောင်မြင်မှုလို့ ဆိုရမှာပါ။ Vanity Fair နဲ့ အင်တာဗျူးမှာတော့ BTS အဖွဲ့ဝင်တွေဟာ GRAMMY Awards နဲ့ ပတ်သက်ပြီး ရင်ခုန်သံကို ဖွင့်ဟခဲ့ကြပါတယ်။

“Best Pop Duo/Group Performance”ဆုအမျိုးအစားအတွက ် BTS ဟာ ဆန်ခါတင်စာရင်း ဝင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုကိုလည်း BTS အဖွဲ့ဝင်တွေက ပြန်ကြည့်နေခဲ့တာပါ။ အဲဒီနောက် Jimin က သူတို့အနေနဲ့ GRAMMY Awards ကို ဘာကြောင့် ရနိုင်သလဲဆိုတာ ရှင်းပြခဲ့ပါတယ်။

“ထုတ်ပြန်တဲ့ ဆန်ခါတင်စာရင်းမှာ ကျွန်တော်တို့က တန်းစီးဇယားရဲ့ အလယ်မှာ ရှိပါတယ်။ ဒါကြောင့် အမှန်တကယ် ဆုရနိုင်တယ်လို့ ထင်တာ”လို့ Jimin က ဆိုပါတယ်။ Jimin ရဲ့စကားကိုကြားပြီးနောက် BTS အဖွဲ့ဝင်တွေရဲ့ ငြင်းခုံတွေနဲ့ ဆူညံသွာခဲ့ပါတယ်။

ှSuga က သူတို့အနေနဲ့ ဒီလောက်အထိ ဝေးဝေးပြေးလာပြီခဲ့လို့ နောက်ထပ် ရည်မှန်းချက်တွေ မထားသင့်ကြောင်း ဆိုခဲ့ပါတယ်။ V ကလည်း ရည်မှန်းချက်ထားလွန်းတဲ့အခါ ဖြစ်မလာခဲ့ရင် ပိုပြီးဝမ်းနည်းစရာကောင်းလိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ Jmin ကတော့ သူတို့အနေနဲ့ GRAMMY Awards ကို ရနိုင်တယ်၊ ARMY တွေအတွက် သူတို့လုပ်နိုင်တယ်လို့သာ ယုံကြည်ချက် ပြင်းထန်လွန်းနေပါတော့တယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI









Ref: Koreaboo


You cannot copy content of this page