News

■ စစ်မှုတာဝန်ထမ်းဆောင်တဲ့ လအကန့်အသတ်ကိုလျှော့ချလိုက်တဲ့ ကိုရီးယား

—- The Ministry of Defense ဟာ တောင်ကိုရီးယား အမျိုးသားတွေအနေနဲ့ 2021 ခုနှစ်မှစတင်ပြီး စစ်မှုတာဝန်ထမ်းဆောင်တဲ့ လအကန့်အသတ်ကို လျှော့ချလိုက်ပြီဖြစ်ကြောင်း တရားဝင်အတည်ပြု ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂)နှစ်ကတည်းက တောင်ကိုရီးယားအမျိုးသားတွေရဲ့ စစ်မှုတာဝန်ထမ်းဆောင်မှုအချိန်ကို လျှော့ချဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အခုမှ အတည်ပြုခဲ့တာဖြစ်ပါတယ်။ လာမယ့် 2021 ခုနှစ်ရောက် တာနဲ့ စစ်မှုတာဝန်ထမ်းဆောင်ရမယ့် လအကန့်အသတ် 21 လကနေ 18 လကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားစစ်မှုတာဝန်ထမ်းဆောင်မှုကြာချိန်ဟာ စစ်ဌာနချုပ်အမျိုးအစားအလိုက် ကွဲပြားတာ ဖြစ်ပြီး အခုအသစ်ထုတ်လိုက်တဲ့ ဥပဒေအရ ရေတပ်အနေနဲ့ 23 လကနေ 20 လ၊ လေတပ်အနေနဲ့ 24 လကနေ 22 လ၊ ကြည်းတပ်အနေနဲ့ 21 လကနေ 18 လ၊ Public Worker အနေနဲ့ 24 လကနေ 21 လအထိ လျှော့ချခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ပရိသတ်တွေချစ်ကြတဲ့ K-pop Idol တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေဟာ 2021 ခုနှစ်ကနေ စတင်ပြီး ဥပဒေသစ်အရ လလျှော့ပြီး စစ်မှုတာဝန်ကို ထမ်းဆောင်ရတော့မှာပဲဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page