K pop

■ အေဂျင်စီကိုယ်စားလှယ်တွေရွေးချယ်တဲ့ 2020 ခုနှစ်အကောင်းဆုံး Musician နဲ့ Event များ

—- တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းအေဂျင်စီတွေရဲ့ ကိုယ်စားလှယ် 22 ဦးရွေးချယ်ခဲ့တာဖြစ်ပြီး အကောင်းဆုံး Musician တွေနဲ့ Event တွေက ဘာတွေလဲဆိုတာ…

အေဂျင်စီ ကိုယ်စားလှယ် 22 ဦးဟာ 2020 ခုနှစ် အကောင်းဆုံး Musician နဲ့ Event တွေကို မဲပေး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

2020 ခုနှစ် အကောင်းဆုံး Musician အဖြစ် အေဂျင်စီကိုယ်စားလှယ် 22 ဦးမှာ 19 ဦးက ကမ္ဘာကျော် Boy Band BTS ကို မဲပေးခဲ့ကြပါတယ်။ နောက်ပြီး Seventeen (1 vote) ၊ BLACKPINK (1 vote) နဲ့ Oh My Girl (1 vote) ဆီရခဲ့ကြတယ်လို့ သိရပါတယ်။

2020 ခုနှစ်မှာ အကောင်းဆုံးနဲ့ အမှတ်ရစရာ Event အနေနဲ့ COVID19 Pandemic အခြေအနေတွေ ကြောင့် ပရိသတ်တွေနဲ့ ထိတွေ့ခွင့်မရဘဲ အွန်လိုင်း Concert ပြုလုပ်တဲ့ ‘Untact’ Concert တွေဖြစ် တယ်လို့ ကိုယ်စားလှယ် 22 ဦးမှာ 15 ဦးက မဲပေးခဲ့ကြပါတယ်။

2020 ခုနှစ်မှာ live online shows ကို BTS ၊ Super M အပါအဝင် K-Pop အဖွဲ့တွေ အောင်မြင်စွာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ‘Untact’ concert ဟာ 2020 ခုနှစ် K-pop Industry မှာအကောင်းဆုံး Event ဖြစ်ခဲ့တာဖြစ်ပါတယ်။

နောက် ကိုယ်စားလှယ် 22 ဦးမှာ ကျန်တဲ့ 7 ဦးကတော့ BTS အဖွဲ့ရဲ့ သမိုင်းဝင် Billboard’s ‘Hot 100’ #1 နဲ့ 63rd ‘Grammy Awards’ မှာ ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့အခြေအနေတွေကို 2020 အကောင်းဆုံး ဒုတိယ Event အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page