K pop

■ Sold-Out King ရဲ့ နောက်ထပ်သက်သေတစ်ခု

— ဘာပဲလုပ်လုပ် ကမ္ဘာ့အလယ်မှာတင့်တယ်ပြီး ပရိသတ်တွေရဲ့ ဝိုင်းရံမှုခံရတဲ့ BTS အဖွဲ့ဝင်တွေ ဟာ Sold-Out King တွေမဟုတ်လား…

အခုလည်း BTS အဖွဲ့ဝင် V ရဲ့ Solo မဂ္ဂဇင်းဟာ Worldwide Market မှာ BEST-SELLER ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ BTS အဖွဲ့ဝင်တွေဟာ Wall Street Journal မှာ Cover မော်ဒယ်တွေဖြစ်ခဲ့ပြီး တစ်ဦးချင်း Issue တွေလည်း ထုတ်ဝေခဲ့တာပါ။

V ရဲ့ တစ်ဦးချင်း Issue ဖြစ်တဲ့ D-icon Issue ဟာ Worldwide Market မှာ BEST-SELLER မဂ္ဂဇင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ V ရဲ့ Solo Cover မဂ္ဂဇင်းဟာ English နဲ့ Korean Versions နှစ်ခုစလုံး မဂ္ဂဇင်း ဈေးကွက်မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တာဖြစ်ပြီး 4,000 Units ကျော် ရောင်းချနိုင်ခဲ့တာလို့ သိရ ပါတယ်။

နောက်ပြီး V ရဲ့ D’ICON photobook ဟာ G Market ရဲ့ ရောင်းအားအကောင်းဆုံးစာရင်းမှာ #6 ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ ဂျပန်အွန်လိုင်းစတိုးဖြစ်တဲ့ HMV Japan မှာလည်း 24 နာရီ ရောင်းအားအကောင်းဆုံး List မှာ #2 လို့ သိရပါတယ်။

ARMY တွေက အခုအခါ V ကို Sold-Out King… နောက်တစ်မျိုးအနေနဲ့ Best-Selling King ဆိုပြီး ချစ်စနိုးနဲ့ခေါ်နေကြပြီဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page