K pop
■ BOOMBAYAH ထဲမှာ Rose’ ရဲ့ Iconic ကကွက်နောက်ကွယ်က ဖြစ်ရပ်မှန်
-UNICODE
– – -အပြင်ပန်းလောက်ပဲကြည့်ပြီး ပရိသတ်တွေက ဒီကကွက်ကို “မိုက်လိုက်တာ”လို့ ပဲ ခပ်လွယ်လွယ် တွေးမိကြမှာပါ။ တကယ်တော့…..
၂၀၁၆ ခုနှစ်ဟာ K-pop လောကအတွက်တော့ နမိတ်ကောင်းတွေနဲ့ သီကုံးထားတဲ့ ရာသီခွင်တစ်ခုဆိုရင် မမှားပါဘူး။
ဒီနှစ်အတွင်း တစ်ချိန်မှာ ဟုမ်းဟုမ်းတောက် နာမည်ကျော်လာမဲ့ BLACKPINK အဖွဲ့ကို မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းမှာ BLACKPINK ဟာ WHISTLE” , “BOOMBAYAH တို့နဲ့အတူ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် BOOMBAYAH က BLACKPINK ရဲ့ လူကြိုက်အများဆုံးတွေထဲကတစ်ပုဒ်ဖြစ်လာသလို BOOMBAYAH ကြောင့် BLACKPINK ပရိသတ်ဖြစ်လာခဲ့သူတွေလည်း မနည်းမနောပါပဲ။ အဲဒီသီချင်းဟာ BLACKPINK ရဲ့ ပုံစံအတိုင်း နားထောင်ရ အလွန်ကောင်းသလို ကကွက်တွေကလည်း အမိုက်စားပါပဲ။
အထူးသဖြင့် Rose’ ရဲ့ ကြမ်းခင်ပေါ် Slide သွားတဲ့ကကွက်ကလည်း ဒီသီချင်းရဲ့ Iconic တွေထဲက တစ်ခုပါ။ ဒီကကွက်ကို အပြင်ပန်းလောက်ကြည့်ပြီး ို “မိုက်လိုက်တာ”လို့ ပဲ ခပ်လွယ်လွယ် တွေးမိကြမှာဖြစ်ပေမဲ့ လက်တွေ့မှာတော့ မလွယ်ပါဘူး။
Star Road နဲ့ အင်တာဗျူးတစ်ခုမှာတော့ Rose’ က ဒီကကွက်နဲ့ ပတ်သက်ပြီး ကြိုးပမ်းခဲ့ရပုံ၊ အခက်အခဲတွေကို ဖွင့်ဟသွားခဲ့ပါတယ်။ “အဲဒီတုန်းက ဝတ်ထားတဲ့ အင်္ကျီက လွယ်လွယ် Slide လုပ်လို့ မရပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်ကို တွန်းပြီး ခက်ခက်ခဲခဲ ရွေ့လိုက်ရတယ်”လို့ Rose’ က ဖွင့်ဟခဲ့ပါတယ်။
Rose’ ဝတ်ထားတဲ့ Leather အင်္ကျီဟာ ကြမ်းခင်ပေါ်မှာ Slide မဖြစ်တဲ့အတွက် သူမဟာ ခြေထောက်တွေပါ အသုံးပြုပြီး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။ ဒါကြောင့် အဲဒီပြကွက်အတွက် သူမဟာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရပြီး လည်ပင်းမှာ ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့တယ်လို့ Rose’ က ဆိုခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။
-ZAWGYI
■ BOOMBAYAH ထဲမှာ Rose’ ရဲ့ Iconic ကကွယ်နောက်ကွယ်က ဖြစ်ရပ်မှန်
Ref: Koreaboo
You cannot copy content of this page