K pop

■ နာမည်ကျော် Mosquito Dance ကို ကွီး Lee Kwang Soo နဲ့ အတူတူဆင်နွှဲချင်နေတဲ့ ညေး Lee Kwang Soo

-UNICODE

– — Lee Kwang Soo ရဲ့ နာမည်ကျော် Mosquito Dance ကို နှစ်ယောက်သား အတူတူကမယ်ဆိုရင်….

တရုတ် Idol အဖွဲ့C.T.O အဖွဲ့ဝင် Yuching ဟာ Running Man အဖွဲ့ဝင် Lee Kwang Soo နဲ့ ဆင်တူလွန်းတာကြောင့် K-pop ပရိသတ်တွေကြား ရေပန်းစားလာသူပါ။

Yuching ဟာ သူတို့ရဲ့ ရသစုံအစီအစဉ်တစ်ခုဖြစ်တဲ့ C.T.O Project-The Survival အတွက် ကိုရီးယားနိုင်ငံကို လာရောက်ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ C.T.O အဖွဲ့က Star1 Magazine နဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပြီး အင်တာဗျူးတွေပါ ဖြေဆိုခဲ့တာပါ။

အဲဒီအင်တာဗျူးမှာတော့ Yuching က သူအနေနဲ့ Lee Kwang Soo ရဲ့ နာမည်ကျော်ကကွက်ဖြစ်တဲ့ Mosquito Dance ကို Lee Kwang Soo နဲ့ အတူတူဆင်နွှဲလိုကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

“Lee Kwang Soo sunbaenim နဲ့ ကျွန်တော် တွေ့ဆုံလိုပါတယ်။ သူက အရည်အချင်းများစွာ ရှိသူဖြစ်ပြီး ကျွန်တော်တို့နှစ်ယောက်သာ mosquito dance ကို အတူတူကမယ်ဆိုရင် အရမ်းပျော်ဖို့ကောင်းမှာပါ”လို့ Yuching က ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး Yuching က သူ့အနေနဲ့ ကိုရီးယားမှာ ပရိုမိုးရှင်းတွေ ပြုလုပ်လိုကြောင်း၊ ကိုရီးယား ရသစုံအစီအစဉ်တွေမှာ ပါဝင်လိုကြောင်း၊ သူတို့ရဲ့ အနာဂတ်အိပ်မက်က ကိုရီးယားမှာ ဖျော်ဖြေပွဲကျင်းပနိုင်ရေးဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI








Ref: Koreaboo


You cannot copy content of this page