K pop

■ EXO ရဲ့ အဖွဲ့ဝင်သစ်ကို Kai က ခေါ်ယူခဲ့ပါသတဲ့

-UNICODE

– – – သူ့ရဲ့ ပုံစံကို Kai သာမက EXO-L တွေအားလုံးလည်း သဘောကျခဲ့ကြပြီး…..

STAY BODYLUV ရဲ့ အပိုင်းတစ်ပိုင်းမှာာ EXO အဖွဲ့ဝင် Kai က အထူးဧည့်သည်အဖြစ်ပါဝင်ခဲ့တာပါ။

Kai ဟာ အဲဒီအစီအစဉ်မှာ ပါဝင်ရင်း William, Bentley ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်နဲ့အတူ အဖေဖြစ်သူ Sam Hammington တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ William, Bentley တို့ ညီအစ်ကိုနှစ်ယောက်ဟာ Kai ရဲ့ အကတွေကို သဘောကျခဲ့တာ တွေ့ရပါတယ်။

Bentley က Kai အကကိုမြင်ပြီး သဘောကျလွန်းစွာနဲ့ “ဒယ်ဒီရေ…ဦးဦး ကနေတာကို မြင်ရဲ့လား”လို့ အံ့သြတကြီး ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး Bentley က ပါးစပ်ကနေ EXO လို့ ထပ်ခါထပ်ခါ အော်ဟစ်နေတာလည်း မြင်တွေ့ခဲ့ရပါတယ်။

ဗီဒီယိုရဲ့ စာတန်းထိုးမှာတော့ “သားလည်း EXO ဖြစ်ချင်တယ်။ သားကို EXO ဖြစ်ခွင့်ပေး”စတာကို ရေးထိုးထားတာ တွေ့ရပါတယ်။ အဲဒီနောက် Kai ကလည်း သဘောကျစွာနဲ့ “ကောင်းပြီ။ Ben, သားက ဦးတို့ရဲ့ နောက်ထပ် EXO အဖွဲ့ဝင်ပဲ”လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် Ben တို့ ညီအစ်တိုနှစ်ယေက်ဟာ ချစ်စရာကောင်းစွာနဲ့ ကကွက်တွေနဲ့ EXO သီချင်းတွေကို ကပြခဲ့ပြီး ကြည်နူးစရာကောင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI



STAY BODYLUV ရဲ့ အပိုင်းသစ်မှာ EXO အဖွဲ့ဝင် Kai က အဲဒီအစီအစဉ်မှာ ပထမဆုံး ပါဝင်တဲ့ အထူးဧည့်သည် ဖြစ်ခဲ့ပါတယ်။





Ref: Koreaboo


You cannot copy content of this page