K pop

■ B.I ရဲ့ နွေးထွေးမှုတွေကို မြင်ရလေ B.I ကို လွမ်းလေပဲ

— – – မင်း ပြန်လာပါတော့ B.I ဆိုတဲ့ အသံတွေဟာ iKONICs တွေရဲ့ ရင်ထဲမှာ နှလုံးသွေးတွေနဲ့အတူ စိမ့်ထွက်နေတယ် …

IOK Company ရဲ့ executive director အဖြစ် ခန့်အပ်ခံထားရပေမဲ့ iKON အဖွဲ့ရဲ့ ခေါင်းဆောင်ကြီး B.I ဟာ ပရိသတ်တွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်နေဆဲ။ သူ့ကို မြင်တွေ့ရဖို့ ခက်နေဆဲ။

သိပ်မကြာခင်မှာ လူမြင်ကွင်းကို နွေးထွေးမှုတွေနဲ့အတူ B.I ရောက်လာတဲ့အခါမှာတော့ ပရိသတ်တွေရဲ့ ပြန်လာပါတော့ B.I ဆိုတဲ့ အသံတွေ၊ သူ့ကို လွမ်းဆွတ်မှု ဒီဂရီတွေဟာ တိုးတိုးလာခဲ့ပေါ့။

B.I ဟာ သိပ်မကြာခင်က ပရိသတ်တွေနဲ့အတူ လုပ်အားပေး အစီအစဉ်ကို တက်ရောက်ခဲ့တာပါ။ အခု ကိုရီးယားမှာ ဒီဇင်ဘာလ ဆောင်းရာသီရဲ့ အအေးဒဏ်က ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတာကြောင့် B.I ဟာ ပရိသတ်တွေနဲ့အတူ ကန်းစွန်းဥပူပူလေးနဲ့ လက်ဖက်ရည်ပူပူလေးတွေ ဝေမျှခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ လမ်းသွားလမ်းလာတွေကို စားသောက်စရာတွေ ပေးတဲ့အခါမှာလည်း B.I ဟာ တကယ့်ကို ရိုရိုကျိုးကျိုးနဲ့ ခါးကိုညွှတ်ကာ လေးလေးစားစားနဲ့ ပေးအပ်ခဲ့တာကြောင့် အသက်ရှူတာတောင် ဝေဖန်ကြပါတယ်ဆိုတဲ့ K Netizen တွေတောင် ချီးကျူးခဲ့ရတဲ့အထိ ပါပဲ။

ဒါ့အပြင် B.I ဟာ သူ့ကို မှတ်မိပြီး သူ့ဆီက လက်မှတ်တောင်းတဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကိုလည်း ကြည်ကြည်ဖြူဖြူနဲ့ လိုက်လျောခဲ့ပြီး လက်ဖက်ရည်ဘူးတွေမှာ လက်မှတ်ပါ ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီမြင်ကွင်းတွေကို မြင်တွေ့ပြီးနောက်မှာ iKONICs တွေနဲ့ K-Pop ပရိသတ်တွေက B.I ကို သီချင်းသစ်တွေနဲ့ သူတို့ရင်ထဲ ပြန်လာခဲ့ပါတော့လို့ ဆိုခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credits

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page