K pop

■ Sai Sai x Park Bom တို့ရဲ့ Red Light မနက်ဖြန် ထွက်မယ်

— – – နာမည်ကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ 2NE1 Park Bom တို့ Collaboration လုပ်ထားတဲ့ Red Light သီချင်းကို မနက်ဖြန် …

မြန်မာရဲ့ အကျော်ကြားဆုံး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ ကမ္ဘာကျော် 2NE1 အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Park Bom နဲ့ Collaboration လုပ်ထားတဲ့ Red Light ဆိုတဲ့ သီချင်းကို ဒီဇင်ဘာ (၂၁)ရက်မှာ ထုတ်လွှင့်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။

သီချင်းသစ် မထုတ်တာ ကြာပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ပရိသတ်တွေအတွက် အလန်းစားသီချင်းကို ပြင်ဆင်နေတာဖြစ်ပြီး 2NE1 Park Bom ကို Collaboration လုပ်ဖို့ ကမ်းလှမ်းခဲ့ရာမှာတော့ Park Bom ဘက်က အလျင်အမြန်လက်ခံခဲ့တယ်လို့ သိရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သူရဲ့ Facebook စာမျက်နှာမှာ “Red Light သီချင်းကို  December 21 ရက်နေ့  မြန်မာစံတော်ချိန် 9:30 am
ကိုးရီးယားစံတော်ချိန် 12:00 noon မှာ စတင်ပြီး အောက်ပါ App တွေကနေတဆင့် နားဆင်ရမှာဖြစ်ပါတယ် Spotify , Apple Music , Joox App တွေမှာ Stream လို့ရပါတယ်  Melon, Bugs, Genie, Vibe , Flo , iTune , SaiSai Pay တို့မှာ ဝယ်ယူနားဆင်နိုင်ပါတယ်


ပြည်တွင်းပရိသတ်များအနေနဲ့ Joox မှာ Stream လုပ်ပြီးနားဆင်လို့ရသလို  ဝယ်ယူအားပေးပံ့ပိုးမယ်ဆိုရင်တော့ SaiSai Pay မှာ ဝယ်ယူနားဆင်နိုင်ပါတယ် Video ကိုတော့ YouTube, Facebook နဲ့ Social Media တွေမှာ ကြည့်ရှုနိုင်ပါတယ်  ကျနော့်ဘဝမှာ ပထမဆုံးအကြိမ် နိုင်ငံတကာအနုပညာရှင်တွေနဲ့ သီချင်းတွဲဖက်ဖန်တီးထုတ်လုပ်ခွင့်ရတာဖြစ်တဲ့အတွက် တော်တော့်ကို ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်  ပရိသတ်များရဲ့ အားပေးဝန်းရံမှုကိုလည်း ယုံကြည်မျှော်လင့်နေကြောင်းပါခင်ဗျာ” လို့ ရေးသားထားပါတယ်။

ဒါဟာ စိုင်းစိုင်းခမ်းလှိုင်အတွက် K-Pop အဆိုတော် ပထမဆုံးအကြိမ် Collaboration ပြုလုပ်တာဖြစ်သလို၊ Park Bom အတွက်လည်း မြန်မာအဆိုတော်တစ်ဦးနဲ့ ပထမဆုံးအကြိမ် Collaboration ပြုလုပ်ခြင်းဖြစ်ပါတယ်။ K-Pop ပရိသတ်တွေနဲ့ စိုင်းစိုင်းပရိသတ်တွေကတော့ Sai Sai x Park Bom တို့ရဲ့ သီချင်းသစ်ကို များစွာမျှော်လင့်နေကြတယ်လို့ သိရပါတယ်။

— ဃဲ
Ref: Sai Sai Kham Leng Facebook & Photos Credits

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page