K pop

■ အေဂျင်စီကိုယ်စားလှယ်တွေ မဲပေးတဲ့ 2020 ခုနှစ် ဟော့အဖြစ်ဆုံး Rookie အဖွဲ့သစ်များ

— 2020 ခုနှစ်မှာ Debut လုပ်ပြီး ဟော့အဖြစ်ဆုံး Rookie အမျိုးသမီးအဖွဲ့သစ်နဲ့ အမျိုးသားအဖွဲ့ သစ်တွေက ဘယ်သူတွေလို့ ထင်ပါသလဲ…

ကိုရီးယားထိပ်တန်းအေဂျင်စီတွေဖြစ်တဲ့ RBW Entertainment, JYP Entertainment, Jellyfish Entertainment, Pledis Entertainment, FNC Entertainment, KQ Entertainment, WM Entertainment, SM Entertainment, Brand New Music, Cube Entertainment, YG Entertainment, Big Hit Entertainment, Play M Entertainment, Starship Entertainment, Mystic Story ကိုယ်စားလှယ် တွေဟာ 2020 ခုနှစ် ဟော့အဖြစ်ဆုံး Rookie အဖွဲ့သစ်တွေကို မဲပေး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အေဂျင်စီကိုယ်စားလှယ်တွေဟာ ပထမဆုံးအနေနဲ့ 2020 ခုနှစ်ဟော့အဖြစ်ဆုံး Rookie အမျိုးသမီး အဖွဲ့သစ်တွေအနေနဲ့ SM Entertainment ရဲ့ အဖွဲ့သစ် aespa နဲ့ High Up Entertainment ရဲ့ STAYC အဖွဲ့တွေကို (၇)မဲဆီနဲ့ ရွေးချယ်ခဲ့ကြပါတယ်။

aespa အဖွဲ့ဟာ Debut လုပ်ဖို့ကြေညာကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကိုရခဲ့တဲ့အဖွဲ့ဖြစ်သ လို တရားဝင် Debut လုပ်တော့လည်း ညို့အားဆွဲငင်မှုနဲ့ ပရိသတ်တွေကို တုန်လှုပ်စေခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

STAYC အဖွဲ့သစ်ကတော့ မထင်မှတ်ထားအောင် ဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရ ခဲ့တာပါလို့ ကိုယ်စားလှယ်တွေက သုံးသပ်ခဲ့ပါတယ်။

2020 ခုနှစ်ဟော့အဖြစ်ဆုံး Rookie အမျိုးသားအဖွဲ့တွေကို ရွေးချယ်ရမှာတော့ YG Entertainment ရဲ့ TREASURE နဲ့ Starship Entertainment ရဲ့ CRAVITY တို့ကို (၆)မဲဆီနဲ့ ရွေးချယ်ခဲ့ကြပါတယ်။

အဖွဲ့သစ် TREASURE ရဲ့ MV Views တွေ၊ Album Sale တွေ၊ Music Chart လွှမ်းမိုးမှုတွေကို မီးမောင်းထိုးပြခဲ့သလို CRAVITY ရဲ့ Music Chart Scores တွေ၊ Awards တွေနဲ့ Strong Stages တွေကိုလည်း ညွှန်ပြခဲ့ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page