K pop

■ Jisoo ရဲ့ မျက်နှာဟာ သရုပ်ဆောင်အနေနဲ့လိုက်ဖက်လား၊ Idol အနေနဲ့ လိုက်ဖက်လား

— BLINK တွေကရော…. Jisoo ရဲ့ မျက်နှာဟာ သရုပ်ဆောင်အနေနဲ့လိုက်ဖက်လား… Idol အနေနဲ့ လိုက်ဖက်လား…

BLACKPINK အဖွဲ့ထဲက အသက်ကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jisoo ဟာ သူမရဲ့အလှကြောင့် ပရိသတ် တွေထံကနေ အချစ်တွေအများကြီးရထားတဲ့သူဖြစ်ပါတယ်။ သူမဟာ Debut မလုပ်ခင်ကတည်းက Epik High ရဲ့ “Spoiler” နဲ့ “Happen Ending,” MV တွေမှာပါဝင်ခဲ့ပြီး အဲဒီကတည်းက သူမရဲ့ လှပ တဲ့မျက်နှာလေးကို ပရိသတ်တွေက သတိထားမိကြတာပါ။

လက်ရှိအချိန်မှာ Idol အနေနဲ့ တစ်ကမ္ဘာလုံးမှာအောင်မြင်နေသလို Lead Role အနေနဲ့ သရုပ် ဆောင်မင်းသမီးအဖြစ် Debut လုပ်ကာ ဒရာမာလည်းရိုက်ကူးနေပြီဖြစ်ပါတယ်။ မကြာသေးခင်က လူမှုကွန်ရက်မှာ K Netizen တွေဟာ Jisoo ရဲ့ လှပတဲ့မျက်နှာဟာ သရုပ်ဆောင်အနေနဲ့ လိုက်ဖက် သလား၊ Idol အနေနဲ့ လိုက်ဖက်သလားဆိုတာကို သူတို့ရဲ့အမြင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

“ Jisoo ဟာ Super လှတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူမအနေနဲ့ ဘာပဲလုပ်လုပ် လှပတဲ့မျက်နှာနဲ့ လိုက်ဖက်မှုရှိပါတယ်”

“ သူမရဲ့ စတိတ်စင်ပေါ်က ပုံတွေကိုကြည့်ရင် သူမဟာ Idol နဲ့လိုက်ဖက်တဲ့ မျက်နှာရှိသူလို့ ထင်တယ်”

“ အရမ်းလှတာကြောင့် မင်းသမီးရုပ်ရည်နဲ့ ပိုလိုက်ဖက်ပါတယ်”

“ MV တွေထဲမှာတော့ သူမဟာ မင်းသမီးပုံစံဖြစ်ပါတယ်။ ဒါပေမဲ့ စတိတ်စင်ပေါ်မှာတော့ ပုံစံတစ် မျိုးကွဲထွက်သွားတယ်။ နှစ်ခုစလုံးနဲ့ လိုက်ဖက်မှုရှိတဲ့သူပါ”

“ ရိုးရိုးသားသားပြောရရင်တော့ သရုပ်ဆောင်တစ်ဦးအနေနဲ့ မျက်နှာထက် သရုပ်ဆောင်စကေးက ပိုတော်ဖို့လိုပါတယ်”

“ သူမရဲ့မျက်နှာဟာ မင်းသမီးနဲ့ ပိုလိုက်ဖက်ပါတယ်။ ဒါပေမဲ့ စတိတ်စင်ပေါ်မှာလည်း တော်တော်လှပါ တယ်။ မိတ်ကပ်အနည်းငယ်နဲ့ လေဆိပ်ဖက်ရှင်တွေမှာလည်း သူမဟာ စူပါလှပနေတာဖြစ်ပါတယ်”

အထက်ပါ မှတ်ချက်တွေကတော့ K Netizen တွေရဲ့အမြင်ဖြစ်ပြီး BLINK တွေရဲ့ အမြင်ကရော…

-m2t
Ref: Allkpop

You cannot copy content of this page