Celebrity K pop

■ IU ဟာ Yoo In Na အတွက် ဘယ်လိုအဓိပ္ပါယ်လဲ

— အသက် 10 နှစ်ကျော်ကွာဟပေမယ့် နှစ်ပေါင်းများစွာ Cele သူငယ်ချင်းတွေဖြစ်ကြတဲ့ IU နဲ့ Yoo In Na တို့ရဲ့ ဆက်ဆံရေးကို ပရိသတ်တွေ အားလုံးသိရပါတယ်။

Yoo In Na ဟာ  ‘Jung Eunji’s Music Plaza’ အစီအစဉ် မှာပါဝင္ခဲ့တုနး္က IU ဟာ သူ့အတွက် ဘယ်လိုအဓိပ္ပါယ်လဲဆိုတာနဲ့ အတိတ်က အဆိုတော်ဖြစ်ချင်ခဲ့တဲ့အ ကြောင်းကို ပြောပြခဲ့ပါတယ်။

Yoo In Na က “ သူမရဲ့ အရင်တုန်းက အိပ်မက်က စင်ပေါ်မှာ ဖျော်ဖြေချင်တာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကို ကူညီပေးမယ့်သူရှိမယ်လို့ မထင်ခဲ့ပါဘူး။ အခုထိလည်း ကျွန်မ လေ့ကျင့်မှုတွေလုပ်ချင်ပြီး တစ်နေ့တော့ Album တစ်ခုလောက်ထုတ်ချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အစီအစဉ်မှာ Yoo In Na က အကောင်းဆုံးသူငယ်ချင်းနဲ့ အငြင်းပွားမှုတွေရှိလား၊ ဘယ်လိုဖြေရှင်းသ လဲလို့ မေးမြန်းခံခဲ့ရပါတယ်။

“ အရင်ဆုံးပြောချင်တာကတော့ IU နဲ့ပတ်သက်ပြီး တစ်စုံတစ်ခုမှ စိတ်ပျက်တာမျိုးမရှိပါဘူး။ IU နဲ့ ကျွန်မဟာ သူငယ်ချင်းဖြစ်လာတာ 10နှစ်လောက်ရှိပါပြီ။ တစ်ယောက်နဲ့တစ်ယောက်လည်း အခုထိ စိတ်ပျက်တယ်ဆိုတဲ့အကြောင်းအရာကို တစ်ခါမှ မပြောဖူးပါဘူး။ တစ်စုံတစ်ခုရှိခဲ့တယ်ဆိုရင်တောင် ကျွန်မတို့ အခြားတစ်ခုပုံစံမျိုးပဲတွေးပါတယ်။ IU က ကျွန်မဆီဖုန်းဆက်တက်။ အော် ဒီအကြောင်းအ ရာနဲ့ ဝမ်းနည်းနေတာပဲ။ ရက်အနည်းငယ်လိုက်ကြာရင် ကျွန်မတို့တွေ့ကြပြီး အားပေးကြပါတယ်။ ကျွန်မဟာ သူငယ်ချင်းတွေအနေနဲ့ ကျွန်မကို စိတ်ပျက်ရင် ခပ်ခွာခွာနေလိုက်ပါတယ်။ ဒါပေမဲ့ IU က တော့မတူပါဘူး”

-Yoo In Na

နောက်ပြီး Yoo In Na က IU နဲ့ ဘယ်လိုဆုံပြီး ခင်မင်ခဲ့ကြသလဲဆိုတာကိုပါ ပြောပြခဲ့ပါတယ်။

“ IU အထက်တန်းလောက်တုန်းက Show ‘Heroes’ ရိုက်ကူးနေစဉ်မှာ တွေ့ခဲ့ကြပြီး ခင်မင်ခဲ့ကြတာ ပါ။ ကျွန်မတို့ဟာ အသက် 11နှစ်ကွာဟပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ တူညီမှုတွေအများကြီးရှိတာ ဖြစ်ပါတယ်။ တစ်ခေါက်တွေ့လိုက်တာနဲ့ မျက်မှန်းတန်းမိကြတာဖြစ်ပါတယ်။ အဲဒီအကြောင်း သူမကို ကျွန်မ မေးတုန်းကလည်း သူမက ‘ အစ်မက လှလို့ အစ်မကို သဘောကျပါတယ်’ တဲ့။ ဒီလိုမျိုးဖြေခဲ့ တာပါ။

ကျွန်မရဲ့ဘဝထဲမှာ IU ဟာ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ IU နဲ့ မခင်တဲ့ ကျွန်မဘဝကိုလည်း မတွေး နိုင်ပါဘူး။ အဲဒီလိုတွေးလိုက်မိရင် သူမကို အရမ်းသတိရလာတာဖြစ်ပါတယ်။ ဘဝကို ခရီးလမ်းကို ထပ်မံဖြတ်သန်းရဦးမှာဖြစ်တာကြောင့် IU နဲ့ အများကြီး စကားတွေပြောဦးမှာဖြစ်သလို အတူတူအပြင် တွေထွက်တွေ့ဆုံစားသောက်နေဦးမှာဖြစ်ပါတယ်”

-Yoo In Na

-m2t
Ref: Allkpop

You cannot copy content of this page