K pop

■ V ရဲ့ မွေးနေ့အတွက် ပရဟိတလှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ARMY တွေ

— ဒီဇင်ဘာလ 30 ရက်နေ့မှာ ကျရောက်မယ့် BTS အဖွဲ့ဝင် V ရဲ့ မွေးနေ့အတွက် ARMY တွေဟာ အခုကတည်းက အကျိုးရှိပြီး မွန်မြတ်တဲ့လှူဒါန်းမှုတွေပြုလုပ်နေကြပြီဖြစ်ပါတယ်။

V ရဲ့ Fanbase တွေဖြစ်တဲ့ မလေးရှားနဲ့ ဗီယက်နမ်တို့ဟာ V ရဲ့ အမည်နဲ့ အကျိုးရှိတဲ့လှူဒါန်းမှုတွေပြု လုပ်ခဲ့ကြတဲ့အကြောင်း လူမှုကွန်ရက်မှာကြေညာခဲ့တာဖြစ်ပါတယ်။

V ရဲ့ မလေးရှား Fanbase ဟာ Pertubuhan Peduli Insan Malaysia (NGO) ကနေတဆင့် ဆီးရီးယားဒုက္ခသည်တွေကို အစားအသောက်၊ အဝတ်အစားနဲ့ အသုံးအဆောင်အချို့အများအပြားကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဆောင်းရာသီမှာ ဆီးရီးယားဒုက္ခသည်ဟာ အလွန်ချို့တဲ့ပြီး ဒုက္ခရောက်လေ့ ရှိတာကြောင့် အခုလို အခြေခံအစားအသောက်နဲ့ အသုံးဆောင်တွေ လှူဒါန်းခဲ့တာပါ။

V ရဲ့ ဗီယက်နမ် Fanbase ကတော့ V နာမည်နဲ့ မိဘမဲ့ကလေးတွေအတွက် ပညာရေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာပါ။ မိဘမဲ့ကလေးတွေရဲ့ကျောင်းပညာရေးအတွက် Notebook 1230 ၊ ကလေးတွေခိုလှုံ ရာနေရာတစ်ခုအတွက် USD 55 ဒေါ်လာ တန်ကြေးရှိတဲ့ SOS Shelter နဲ့ USD 130 ဒေါ်လာ Ten scholarships တွေကိုလည်း ထောက်ပံ့မှုပြုလုပ်ခဲ့ပါတယ်။

ARMY တွေဟာ အမြဲတမ်းသူတို့ချစ်တဲ့ BTS အဖွဲ့ဝင်တွေကို ဒီလို လူမှုပတ်ဝန်းကျင်ကိုပါ အကျိုးပြုတဲ့ လုပ်ရပ်တွေနဲ့ နွေးထွေးစွာထောက်ပံ့အားပေးလေ့ရှိတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page