– – -ဒီအမျိုးသမီး K-pop Idol ဟာ အပြင်မှာ ပိုလှပါသတဲ့
တလောက TenAsia ရဲ့ You Tube ထုတ်လွှင့်မှုမှာ ကိုရီးယားဝါရင့်သတင်းထောက် Seo Ye Jin က အပြင်မှာပိုလှပါတယ်ဆိုတဲ့ အမျိုးသမီး K-pop Idol (၃) ယောက်ကို ရွေးချယ်သွားခဲ့ပါတယ်။
1. Jennie (BLACKPINK)
ပထဆုံးတစ်ယောက်က BLACKPINK အဖွဲ့ဝင် Jennie ပါ။ Jennie ဟာ အပြင်မှာ လုံးဝကြည့်ကောင်းလွန်းပြီး နန်းဆန်တဲ့အလှပိုင်ရှင်မျိုးလို့ Seo Ye Jin က ဖွင့်ဟခဲ့ပါတယ်။
2. Tzuyu (TWICE)
စတင်ပွဲထွက်ကတည်းက TWICE အဖွဲ့ဝင်တွေက ကြည့်ကောင်းလွန်းတယ်လို့ Seo Ye Jin က ဆိုပါတယ်။ အဲဒီမှာမှ Tzuyu က အလှဆုံးဖြစ်ပြီး Tzuyu ရဲ့အလှကို ဘယ်တော့မှ ကင်မရာတွေမှာ ပြည့်ပြည့်၀၀ မှတ်တမ်းတင်နိုင်မှာ မဟုတ်ဘူးလို့ Seo Ye Jin က ဆိုခဲ့ပါတယ်။
3. Wonyoung (IZ*ONE)
IZ*ONE ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Wonyoung ကလည်း ရှည်လျားတဲ့ အရပ်အမောင်းနဲ့ အလွန်လှပလွန်းသူပါ။ Wonyoung ရဲ့အသားအရေဟာ ကြည်လင်တောက်ပလွန်းတယ်လို့ Seo Ye Jin က ဖွင့်ဟခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။