K pop

■ Jimin ရဲ့ Big Hit စရောက်တုန်းက အခြေအနေကိုပြောဖို့ Suga မှာ Story ရှိတယ်

—- Jimin ရဲ့ Big Hit စရောက်တုန်းက အခြေအနေတစ်ခုကို ပြောပြဖို့ Suga မှာ Story တစ်ခုရှိပါ တယ်။

BTS အဖွဲ့ဟာ New Yang Nam Show မှာပါဝင်တုန်းက Suga က Jimin ဟာ Trainee နဲ့ Debut လုပ်ပြီးနောက်ပိုင်းမှသာ မိုက်လာတာဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

Suga က Jimin ဟာ Big Hit Entertainment ကို စရောက်တုန်းက ဖင်နောက်မှာ မျက်လုံးရှိတဲ့ ဘောင်းဘီကို ဝတ်လာခဲ့တဲ့သူဖြစ်ပါတယ်လို့ ဖောက်သည်ချခဲ့ပါတယ်။ အဲဒီမှာ Jimin က သူဟာ ဆိုးလ်ကို ပထမဆုံးတက်လာပြီး Trainee စလုပ်တော့မယ်ဆိုတော့ အဝတ်အစားတွေအများကြီး ဝယ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ Suga က ကျွန်တော့်ကို ပြောပြီးတဲ့အခါ အဝတ်အစားတွေအကုန်လုံးလွှတ်ပစ်ခဲ့တယ်လို့ Jimin က ထပ်ပြောခဲ့ပါတယ်။ နောက်တော့ Suga က Trainee တွေဟာ ယေဘုံယျအားဖြင့် လေ့ကျင့်ခန်း ဆင်းနေတုန်းမှာ တစ်ယောက်ရဲ့အဝတ်အစားတွေကို တစ်ယောက်ယူဝတ်လေ့ရှိပါတယ်လို့ ဆိုခဲ့ပါ တယ်။

ဒါပေမဲ့ သူ့အနေနဲ့ Training လုပ်တုန်းက Jimin ရဲ့ အဝတ်အစားကို တစ်ခါမှ မဝတ်ဆင်ဖူးဘူးလို့ လည်း နောက်ပြောင်ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page