— IU အမြဲတမ်းဝတ်ထားကိုတွေ့ရတဲ့ လက်စွပ်ဟာ စုံတွဲလက်စွပ်ဖြစ်ပြီး ဘယ်သူ့ရှိမှာ တစ်ခုရှိသလဲ ဆိုတာ…
IU ဟာ ငွေရောင်လက်စွပ်လေးကို အမြဲတမ်းဝတ်ထားတာ Music Concept ပုံရိပ်တွေ၊ Concert တွေ၊ Fan Sign Event တွေနဲ့ အပြင်ပုံရိပ်မှာပါ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဆိုပါငွေရောင်လက်စွပ် လေးဟာ စုံတွဲလက်စွပ်ဖြစ်ပါတယ်။
ဘယ်သူနဲ့အတူတူ ဝတ်တာလည်းဆိုတော့ သူမရဲ့ Fan တွေဖြစ်တဲ့ UAENA နဲ့ဖြစ်တယ်လို့ သိရပါ တယ်။ အဲဒီ စုံတွဲလက်စွပ်ကို IU က သူမရဲ့ 10 နှစ်ပြည့် Debut နှစ်ပတ်လည် Fan Meeting တုန်း ကဝယ်ယူထားတာဖြစ်သလို သူမရဲ့ ပရိသတ်တွေကို တစ်ခုပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကို ဘယ်လောက်တောင်ချစ်သလိုဆိုရင် IU ဟာ သူသွားတဲ့နေရာတိုင်း လက်စွပ်လေးကို ဝတ်ထားတာ ပါ။
ငွေရောင်လက်စွပ်မှာ အသံလှိုင်း Pattern နဲ့ မွမ်းမံထားတာဖြစ်ပြီး IU ဟာ သူမရဲ့ ပရိသတ်တွေကို ‘Violets’ ခရမ်းရောင်ပန်းတစ်မျိုးနဲ့ တင်စားပြီး Nickname ပေးထားတာပါ။ UAENA တွေအနေနဲ့ ‘Violets’ ခရမ်းရောင်ပန်းတစ်မျိုးကို သတိရစေတာကြောင့် အခုလို ခေါ်ဝေါ်တာလည်းဖြစ်ပါတယ်။ ‘Violets’ ပန်းဟာ ကိုရီးယားမှာ “ မင်းဘေးနားမှာ အမြဲတမ်းရှိနေမယ်” ဆိုတဲ့ အဓိပ္ပါယ်လည်း ထွက်ပါတယ်။
-m2t
Ref: Koreaboo