— ခေါင်းဆောင်ကြီး RM ကို အားလုံးက ဝိုင်စကြတာပါ…
BTS အဖွဲ့ဝင်တွေဟာ အမြဲတမ်းလိုလို တီဗီဖန်သားပြင်မှာ တစ်ဦးနဲ့တစ်ဦးနောက်ပြောင်ပြီး ပျော်ပျော် နေတတ်ကြတဲ့သူတွေဖြစ်ပါတယ်။
BTS အဖွဲ့ဟာ တစ်ခါတုန်းက Park So Hyun’s Love Game အစီအစဉ်မှာပါဝင်ခဲ့ပြီး အဲဒီမှာ RM တစ်ယောက် အဖွဲ့ဝင်တွေရဲ့ စနောက်ခြင်းကို ခံခဲ့ရတာပါ။
အစီအစဉ်မှာ ပရိသတ်တစ်ဦးက BTS အဖွဲ့ကို “ အဖွဲ့ဝင်တွေနဲ့အတူ ခရီးသွားဖို့ အခွင့်အရေးတစ်ခုရှိ တယ်ဆိုရင် ဘယ်ကိုသွားချင်သလဲ” ဆိုတဲ့ မေးခွန်းမေးခဲ့ပါတယ်။
အဲဒီမေးခွန်းကို RM က “ Alaska” လို့ ဖြေခဲ့ပါတယ်။ အဲဒီမှာ RM ရဲ့ အဖြေကို အဖွဲ့ဝင်အားလုံးသ ဘောမတူကြတာဖြစ်ပါတယ်။ နောက်ပြီး RM ကို ဘာကြောင့် ဒီလောက်အေးတဲ့နေရာကြီးကို ရွေး တာလဲလို့ မေးခဲ့ပါတယ်။
Jin ကဆိုရင် RM ကို “ အဲဒီနေရာ မင်းတစ်ယောက်ပဲသွားလို့” နောက်ပြောင်ခဲ့သလို Jimin ကတော့ သူသာဆိုရင် Hawii ကို သွားချင်တယ်လို့ ပြောခဲ့ပါတယ်။ Suga က ထပ်ပြီး RM က ဆူခဲ့သလို Hawii လို နွေးတဲ့နေရာကို ရွေးသင့်တာပေါ့လို့ ပြောခဲ့ပါတယ်။
-m2t
Ref: Koreaboo