K pop

■ သူတို့တွေရဲ့ လက်လှလှလေးတွေကို အမြဲတမ်း ကိုင်ထားချင်ပါတယ်တဲ့

— Idol တွေဟာ အမြဲတမ်း သူတို့ရဲ့ Visual တွေကြောင့် ချီးမွမ်းခံရတာပါ။ Visual ရဲ့ အခြားတစ် ဖက်မှာလည်း အကြောင်းအရာမျိုးစုံချီးကျူးခံရလေ့ရှိပြီး လှပတဲ့ လက်ချောင်းလေးတွေလည်း အပါ အဝင်ဖြစ်ပါတယ်။

လှပတဲ့လက်လေးတွေပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက သူတို့ရဲ့ လက်ကို အမြဲတမ်းကိုင် ထားချင်တဲ့စိတ်တွေဖြစ်နေတာဖြစ်ပါတယ်။

Baekhyun (EXO)

Debut စလုပ်ကတည်းက Baekhyun ရဲ့ လှပတဲ့လက်ချောင်းလေးတွေကို ကြွေခဲ့ကြတာပါ။ Baekhyun ရဲ့ လက်လှလှလေးတွေဟာ EXO-L တွေကြားမှာ အမြဲတမ်းတောက်ပနေတာဖြစ်ပါ တယ်။

Chanyeol (EXO)

Baekhyun လိုပဲ Chanyeol ရဲ့ ကြီးမားသောလက်ချောင်းလေးတွေကို သဘောကျကြပါတယ်။ မြင့် မားတဲ့အရပ်အမောင်းနဲ့လိုက်ဖက်စွာ ရှည်လျားကြီးမားတဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်ထားပြီး iPad ကို လက်တစ်ဖက်တည်းနဲ့ အသားလေးကိုင်နိုင်တဲ့သူပါ။

Irene (Red Velvet)

အလှနတ်ဘုရားမလေးလို့ တင်စားကြတဲ့ Red Velvet အဖွဲ့ဝင် Irene ဟာ သူမရဲ့ အလှနဲ့လိုက်ဖက် စွာ လက်ချောင်းလှလှလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

IU

IU ကတော့ သေးငယ်တဲ့ မျက်နှာပိုင်ရှင်ဖြစ်သလို သေးသွယ်တဲ့ လက်ချောင်းလေးတွေနဲ့ ချစ်စရာ ကောင်းနေတဲ့သူပါ။ သူမရဲ့ မျက်နှာ၊ လက်ချောင်းသေးသေးလေးတွေကို ပရိသတ်တွေက ချစ်စနိုးနဲ့ အမြဲတမ်းစနောက်လေ့ရှိပါတယ်။

Doyoung (NCT)

NCT အဖွဲ့ဝင် Doyoung ရဲ့ လက်ဟာလည်း လှပလို့ အေဂျင်စီစီနီယာ Baekhyun နဲ့ နှိုင်းယှဉ်ခံရ လေ့ရှိသူဖြစ်ပါတယ်။

Dahyun (TWICE)


တို့ဖူးလို့ ONCE တွေကြားမှာကျော်ကြားတဲ့ Dahyun ဟာ ပရိသတ်တွေကိုတွေ့တဲ့အခါတိုင်း လက် ယမ်းနှုတ်ဆက်လေ့ရှိပါတယ်။ သူမရဲ့ သေးငယ်ပြီး လှပတဲ့ လက်ချောင်းတွေကို သဘောကျကြပါ တယ်။

Yesung (Super Junior)

K-pop လောကမှာ သေးသွယ်ပြီး လှပတဲ့ လက်ချောင်းတွေပိုင်ဆိုင်တဲ့ Idol တွေကို ဖော်ပြပါဆိုရင် Super Junior အဖွဲ့ဝင် Yesung မပါမဖြစ်ဖြစ်ပါတယ်။

Donghae (Super Junior)

Donghae ရဲ့ သွေးကြောဖောင်းဖောင်းလေးတွေနဲ့ လက်ချောင်းလေးကို သဘောကျကြပါတယ်။

Kang Daniel

Wanna One အဖွဲ့ဝင်ဟောင်း Kang Daniel ဟာ Produce 101 မှာ “Open Up” Dancing ကို ကကတည်းက သူ့ရဲ့ Visual နဲ့ လက်လှလှလေးတွေကို ကြွေခဲ့ကြတာဖြစ်ပါတယ်။

Wang Yibo (UNIQ)

Wang Yibo ဟာ စကိတ်စီးတာတွေ၊ မော်တော်ဆိုင်ကယ်စီးတာတွေကို ခုံမင်တဲ့သူဖြစ်ပေမယ့် သူ့ ရဲ့လက်လှလှလေးတွေဟာ အမြဲတမ်းထင်ရှားနေတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page