K pop

■ Black Card ကိုင်ကြတဲ့ ထိတ်ထိတ်ကြဲ K-Pop Idol များ

— – – ကိုရီးယားမှာ ခေတ်စားတဲ့ Black Card က အရမ်းဝင်ငွေများပြီး ကျိကျိတက်ချမ်းသာသူတွေသာ ကိုင်နိုင်တာဖြစ်ပြီး ထိတ်ထိတ်ကြဲ K-Pop Idol တွေကတော့ …

K-Pop Idol တွေထဲမှာ Black Card ကိုင်နိုင်တဲ့သူတွေ သိပ်များများစားစား မရှိပါဘူး။ ဒီမှာတော့ Black Card ကိုင်ကြတဲ့ ထိပ်တန်း K-Pop Idol တွေကို ဖော်ပြသွားမှာပါ။ ကျန်ခဲ့တဲ့သူတွေလည်း ရှိနိုင်ပေမယ့် ကိုရီးယားဝက်ဘ်ဆိုက်က ဖော်ပြတဲ့ အတိုင်းဖြစ်လို့ နားလည်နိုင်မယ် ထင်ပါတယ်။ ကိုရီးယားမှာ ဈေးအကြီးဆုံး ကတ်အမျိုးအစား (၄)ခုရှိပါတယ်။ အဲဒါတွေကတော့ Hyundai Card ဖြစ်တဲ့ “The Black,” Samsung Card ဖြစ်တဲ့ “Raume O,” Hana Card ဖြစ်တဲ့ “Club 1,” နဲ့ KB Kookmin Card ဖြစ်တဲ့ “Tantum” တို့ ဖြစ်ပါတယ်။

BIGBANG အဖွဲ့ဝင် G-Dragon, TOP နဲ့ Taeyang


K-pop Legend အဖွဲ့ဖြစ်တဲ့ BIGBANG အဖွဲ့ရဲ့ G-Dragon, TOP နဲ့ Taeyang တို့ဟာ BLACK Card ကိုင်ဆောင်သူတွေ ဖြစ်ပါတယ်။ G-Dragon က ကန်ဒေါ်လာ (၅၆)သန်း ပိုင်ဆိုင်သူဖြစ်ပြီး TOP နဲ့ Taeyang ကတော့ ကန်ဒေါ်လာ (၂၆)သန်းကျော် ပိုင်ဆိုင်တယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြကြပါတယ်။ ဒီတော့ သူတို့ Black Card ကိုင်တာ သိပ်တော့ မဆန်းဘူးလို့ ဆိုရမှာပါ။

Sandara Park


2NE1 အဖွဲ့ဟောင်း Dara ဟာ ၂၀၂၀ အချမ်းဆုံး K-pop Idol (၁၀)ဦးစာရင်းမှာ ပါဝင်သူဖြစ်ပါတယ်။ Dara ရဲ့ ကြွယ်ဝမှုက ကန်ဒေါ်လာ (၂၅)သန်းအထိ ရှိမယ်လို့ ခန့်မှန်းကြပြီး သူမဟာ Etude House, Clio, Nikon, Mitsubishi, Moonshot, CoverGirl, BNY Jeans, Tekki Asian Classic Noodles, Canon စတဲ့ Brand ပေါင်းများစွာနဲ့ လက်တွဲထားသူပါ။ ဒီတော့ Dara အတွက် Black Card ဆိုတာ အသေးအမွှားပဲပေါ့။

EXO အဖွဲ့ခေါင်းဆောင် Suho


Suho ဟာ EXO အဖွဲ့ဝင်တွေထဲမှာ အကြွယ်ဝဆုံးအဖြစ် နာမည်ကြီးပြီး ရွှေဇွန်းကိုက် မွေးလာသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ Suho ဟာ ကိုယ်ပိုင်အရည်အချင်းရှိသူဖြစ်ပြီး ဂီတပိုင်းမှာရော၊ သရုပ်ဆောင်ပိုင်းမှာ အောင်မြင်သူပါ။ Suho ရဲ့ ကြွယ်ဝမှုက ကန်ဒေါ်လာ (၁၀)သန်းကျော်တယ်လို့ ခန့်မှန်းကြပြီး Suho ဟာ အဖွဲ့ဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စားသောက်ကြတဲ့အခါတိုင်း ဒိုင်ခံရှင်းလေ့ရှိသူ ဖြစ်ပါတယ်။

Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon


Legend အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girls’ Generation အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်သာမက Taeyeon ဟာ Solo အဖြစ်လည်း ဝက်ဝက်ကွဲ အောင်မြင်သူဖြစ်ပါတယ်။ Taeyeon ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ကန်ဒေါ်လာ (၈)သန်းကျော်မယ်လို့ ကိုရီးယားဘဏ္ဍာရေးသုတေသီတွေက ခန့်မှန်းကြပါတယ်။ Taeyeon Black Card ကိုင်ဆောင်တာကို သူမရဲ့ You Tube Video တစ်ခုမှာ ပရိသတ်တွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

BTS အဖွဲ့ဝင် Jin နဲ့ Jungkook


လက်ရှိ K-pop ရဲ့ World Sensation လို့ ခေါ်ကြတဲ့ BTS အဖွဲ့ရဲ့ အကြီးဆုံး Jin နဲ့ အငယ်ဆုံးလေး Jungkook တို့ဟာလည်း Black Card ကိုင်ဆောင်သူတွေ ဖြစ်ပါတယ်။ ကိုရီးယားမီဒီယာတွေ ဖော်ပြချက်အရ သူတို့နှစ်ယောက်က တစ်ယောက်ကို ကန်ဒေါ်လာ (၁၀)သန်းကျော် ပိုင်ဆိုင်ကြတယ်လို့ သိရပါတယ်။ Jungkook ဟာ BTS ရဲ့Variety Show မှာ Black Card နဲ့ ဈေးဝယ်ခဲ့သလို၊ Jin ဟာ Hyundai Black card ပိုင်ဆိုင်သူပါ။

BLACKPINK အဖွဲ့ဝင် Jennie


လက်ရှိ K-pop ရဲ့ အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင်တွောလည်း Black Card ကိုင်ဆောင်ကြပါလိမ့်မယ်။ ဒါပေမဲ့ လူမြင်ကွင်းမှာ မြင်တွေ့ခဲ့ရသူကတော့ Jennie ဖြစ်ပါတယ်။ Jennie ဟာ ကော်ဖီဆိုင်မှာ ကော်ဖီဝယ်တုန်းက Black Card ထုတ်ပြီး ရှင်းခဲ့တာ ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ကျော်ကြားမှုတွေကြောင့် ဝင်ငွေများစွာ ရရှိနေသလို Jennie ဟာ ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာသူဖြစ်ပါတယ်။

TXT အဖွဲ့ဝင် Yeonjun


ပွဲထွက်တာ သိပ်မကြာသေးပေမဲ့ TXT အဖွဲ့ဝင် Yeonjun ဟာ Black Card ကိုင်ဆောင်သူ ဖြစ်ပါတယ်။ ၂၀၁၉ မှာမှ ပွဲထွက်ခဲ့တဲ့ TXT အဖွဲ့အနေနဲ့ အေဂျင်စီတွေရဲ့ စည်းမျဉ်းအရ ဝင်ငွေရ၊ မရ မသေချာပေမဲ့ Yeonjun ကတော့ ချမ်းသာတဲ့ မိသားစုကြောင့် Black Card ကို ကိုင်ဆောင်နိုင်သူပါ။ ဒါကို သူတို့ရဲ့ You Channel မှာ Yeonjun က ပြသခဲ့တာပါ။

— ဃဲ
Ref: KPZ & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page