K pop

■ Expensive, Royal, & Rich Visuals နဲ့ လိုက်ဖက်တယ်ဆိုတဲ့ အမျိုးသမီး Idol (၃) ဦး

— – – သူတို့တွေဟာ အထက်ညွှန်းဆိုထားတဲ့ အချက် (၃) ချက်စလုံးနဲ့ ပြည့်စုံသူတွေလို့ …

သူတို့ရဲ့ ရုပ်ရည်ဟာ တော်ဝင်သွေးတွေ စီးဆင်းနေတယ်လို့ ပရိသတ်တွေက ဆိုကြတယ်။ သူတို့ဟာ ဒီလိုပုံစံမျိုးဖြစ်ဖို့ ပုံဖမ်းနေစရာမလိုဘဲ အလိုလိုနေရင်းနဲ့ကို ဒီပုံစံမျိုးပေါက်နေတာလို့ ဆိုရမှာပါ။

Jennie (BLACKPINK)


Jennie ရဲ့ visuals က rich uptown girl ပုံစံမျိုးပါပဲ။ သူက ဘာမှကြိုးစားနေစရာမလိုတာတောင် အလိုလိုနေရင်း ကျီကျီတက် ချမ်းသာပုံ ပေါက်နေတာပါ။ သူ့အနေနဲ့ CHANEL ပဲဝတ်ဝတ်၊ ဈေးပေါတဲ့ အဝတ်အစားပဲဝတ်ဝတ် ဘာပဲဝတ်ဝတ် တောက်ပနေတာတော့ အမှန်ပါပဲ။

Lia (ITZY)


Lia ဟာ K-Pop celebrities ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်တယ်ဆိုတာကို အထူးတလည် ရှင်းပြနေစရာ မလိုပါဘူး။ သူဟာ K-Pop စတုတ္ထမျိုးဆက်မှာ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့သာမကရဲ့ သူမရဲ့ Royal Visual ကြောင့် ထင်ရှားသူဖြစ်ပါတယ်။

Rosé (BLACKPINK)


နှင်းဆီတွေထဲမှာ Rosé က အလှဆုံးကို ဘယ်နည်းနဲ့ မဆို သက်သေပြနိုင်ပါတယ်။ Yves Saint Laurent နဲ့ လက်တွဲမှုက သူ့ရဲ့ Visual ကို နောက်တစ်ဆင့်မြင့်လိုက်တာဖြစ်ပြီး Expensive, Royal, & Rich Visuals ဆိုတာ Rosé ပုံဖော်တဲ့ Definition ဖြစ်တယ်လို့ ဆိုကြပါတယ်။

— ဃဲ
Ref: KM & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page