K pop

■ G-Dragon ရဲ့ PEACEMINUSONE FW 2020 အရမ်း Hot ဖြစ်နေပေမဲ့ ပြဿနာတစ်ခု ရှိနေ

— – – G-Dragon ရဲ့ ဖက်ရှင် Brand PEACEMINUSONE က FW 2020 collection အဖြစ် ထုတ်ဝေထားတဲ့ item တွေဟာ အရမ်း Hot ဖြစ်နေပေမဲ့ ပြဿနာတစ်ခုကတော့ …

ဖက်ရှင်နဲ့ ပတ်သက်ရင် ကိုရီးယားမှာ G-Dragon က နံပါတ် (၁) ဖြစ်ပြီး သူ့ကို ကျော်နိုင်သူ အရင်က မရှိသလို၊ အခုလည်း မရှိပါဘူး။ G-Dragon ဟာ ၂၀၂၀ ဆောင်းရာသီအတွက် PEACEMINUSONE FW 2020 collection အဖြစ် Item တချို့ကို ထုတ်ဝေခဲ့ပါတယ်။ သူ ထုတ်ဝေထားတွေက

Puffer Jacket

Denim blazer

Neck sweater

Bracelet – sunflower icon

Mini clutch

Clips

စတာတွေ ဖြစ်ပြီး အားလုံးက G-Dragon ကိုယ်တိုင် စိတ်ကြိုက် ဒီဇိုင်းတွေဆွဲကာ ထုတ်လုပ်ထားတွေချည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ပြဿနာတစ်ခုကတော့ အဲဒီ Item တွေ အားလုံးလိုလိုဟာ စရောင်းပြီး သိပ်မကြာခင်မှာပဲ Sold Out ဖြစ်သွားတာပါပဲ။ G-Dragon ရဲ့ ဖန်တီးမှုတွေကို လိုချင်နေတဲ့ ပရိသတ်တွေကတော့ Reseller တွေ ဈေးတင်ပြီး ရောင်းချမှာ စိတ်ပူနေပြီး G-Dragon ကို များများထုတ်ပေးဖို့ ပူဆာနေကြတယ်လို့ ဆိုပါတယ်။

— ဃဲ
Ref: KM & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page