K pop

■ 6ဆ:ရွက်ကြီး ဝယ်ပြီး ပုံမှန်သုံးစွဲနေတယ်လို့ BTOB အဖွဲ့ဝင်တစ်ဦး စွပ်စွဲခံရ

— – – သူ 6ဆ:ရွက်ကြီး သုံးနေတာ အနည်းဆုံး (၄)နှစ်၊ (၅)နှစ်လောက်တောင် ရှိနေပြီလို့ ဆိုပါတယ်။

BTOB အဖွဲ့ဝင်တစ်ဦးဖြစ်သူ Ilhoon ဟာ 6ဆးရွက်ကြီး ဝယ်ပြီး ပုံမှန်သုံးစွဲနေတယ်လို့ ရဲတွေရဲ့ စွပ်စွဲချက်ခြင်းခံထားရပြီး လက်ရှိမှာ ရဲတွေရဲ့ စစ်ဆေးခြင်းကို ခံနေရကြောင်း သိရပါတယ်။

Channel A နဲ့ Sports Donga တို့ရဲ့ ဖော်ပြချက်တွေအရ Ilhoon ဟာ 6ဆးရွက်ကြီး ပုံမှန်သုံးစွဲနေတယ်လို့ သိရပြီး ဇူလိုင်လမှာ အစိုးရရှေ့နေဆီ သူ့အမှုကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Channel A ရဲ့ ဖော်ပြချက်မှာ “Ilhoon ဟာ သူ့ရဲ့ အပေါင်းအဖော်တွေနဲ့ 6ဆးရွက်ကြီး သုံးစွဲနေတာ အနည်းဆုံး (၄)၊ (၅) နှစ် လောက်ရှိပြီလို့ ရဲတွေက အတည်ပြုခဲ့ပါတယ်။ ဆံပင်နမူနာတွေကို စစ်ဆေးရာမှာ သုံးစွဲကြောင်း သိရှိရပေမဲ့ ပယ်ဖျက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ Ilhoon ဟာ 6ဆးရွက်ကြီးကို ဝယ်ယူသလို၊ စစ်ဆေးမှုတွေကို ရှောင်လွဲခဲ့ပါတယ်။ သူဟာ အဲဒီအမှုကို စစ်ဆေးနေတုန်းမှာ စစ်မှုထမ်းခဲ့တာကြောင့် ပြဿနာက ပိုရှုပ်သွားပါတယ်”လို့ ပါရှိပါတယ်။

Cube Entertainment ကတော့ BTOB အဖွဲ့ဝင် Ilhoon စစ်မှုထမ်းတာဟာ အဲဒီပြဿနာကြောင့် ဆိုတာ ငြင်းဆန်ခဲ့ပြီး သူ့အနေနဲ့ မတ်လကတည်းက စစ်မှုထမ်းဖို့ လုပ်ခဲ့တာဖြစ်ပေမဲ့ ကိုဗစ်ကြောင့် မေလမှာမှ စစ်မှုထမ်းခဲ့တာပါ။

— ဃဲ
Source: Sports Donga and Newsen

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page