K pop

■ ဇန်နဝါရီထွက်မဲ့ ELLE က Jisoo ရဲ့ ဓာတ်ပုံတွေက လုံး၀ Jaw Drop

— – – ဒီလောက်တောင် လှရသလားဆိုပြီး ပြောစကားထွက်ကျမရလောက်အောင်ကို Jisoo ရဲ့ …

BLACKPINK အဖွဲ့ဝင် Jisoo ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလထွက်မဲ့ ELLE မဂ္ဂဇင်း Issue အတွက် Cover နဲ့ အလှဓာတ်ပုံတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ Snowdrop ဇာတ်လမ်းတွဲကို ရိုက်ကူးနေခဲ့တဲ့ Jisoo ရဲ့ ELLE မဂ္ဂဇင်းက ပုံရိပ်တွေကတော့ လုံး၀ Jaw Drop ပါပဲ။

ဇန်နဝါရီမှာ ထွက်လာမဲ့ ELLE မဂ္ဂဇင်းမှာ Jisoo ရဲ့ အလှကို ပုံစံ (၂)မျိုးနဲ့ မြင်တွေ့ရမှာဖြစ်ပြီး တစ်မျိုးက ဆံပင်ချထားတဲ့ ပုံစံဖြစ်ပြီး နောက်တစ်မျိုးကတော့ ဆံပင်ထုံးထားတဲ့ ပုံစံဖြစ်ပါတယ်။

အခုအခါ ELLE က ဇန်နဝါရီထွက်မဲ့ Issue က Jisoo ရဲ့ ဓာတ်ပုံတွေကို လှုမှုကွန်ရက်မှာ ဝေမျှခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ အကြိုက်တွေ့နေကြပြီး Pre-order တောင် လုပ်နေကြပြီလို့ ဆိုပါတယ်။

— ဃဲ
Ref: KM & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page