Articles

■ ၂၀၂၀ ရဲ့ Best Korean Artists အဖြစ် အေဂျင်စီတွေ ရွေးချယ်တဲ့ အဖွဲ့ (၄)ဖွဲ့

— – – အေဂျင်စီတွေရဲ့ CEO တွေ၊ ဒါရိုက်တာတွေ၊ ကိုယ်စားလှယ်တွေကိုယ်တိုင် ရွေးချယ်ထားတဲ့ ၂၀၂၀ အကောင်းဆုံး K-Pop အဖွဲ့တွေကတော့ ….

တောင်ကိုရီးယားမှာ ရှိတဲ့ ထိပ်တန်း အေဂျင်စီတွေရဲ့ CEO တွေ၊ ဒါရိုက်တာတွေ၊ ကိုယ်စားလှယ်တွေပေါင်း (၂၂)ဦးက ၂၀၂၀ ရဲ့ Best Korean Artists အဖြစ် မဲပေးရွေးချယ်ခဲ့ရာမှာတော့ K-Pop အဖွဲ့ (၄)ဖွဲ့သာ ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၀ ရဲ့ Best Korean Artists တွေကို မဲပေးရွေးချယ်ရာမှာ ပါဝင်ခဲ့တဲ့ အေဂျင်စီတွေကတော့ ကိုရီးယားထိပ်တန်းအေဂျင်စီ (၃)ခု ဖြစ်တဲ့ SM Entertainment, YG Entertainment နဲ့ JYP Entertainment တို့အပြင် Big Hit Entertainment, Cube Entertainment, RBW Entertainment, Jellyfish Entertainment, Pledis Entertainment, FNC Entertainment, KQ Entertainment, WM Entertainment, Brand New Music, Play M Entertainment, Woollim Entertainment, KBS, TOP Media, Starship Entertainment နဲ့ တခြားအေဂျင်စီတွေ ပါဝင်ခဲ့ပါတယ်။

■ ၂၀၂၀ ရဲ့ Best Korean Artists အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အဖွဲ့ (၄)ဖွဲ့

BTS

BLACKPINK

SEVENTEEN

OH MY GIRL

— ဃဲ
Ref: SB & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page