K pop

■ ကောင်မလေးကို Amusement Park ခေါ်သွားတဲ့ Baekhyun

— – – ကိုယ်အတူတူ နားပြီး Ice Cream စားကြမလား …. မင်းမဆုံးဖြတ်နိုင်ဘူးဆိုရင် ကိုယ် …

EXO အဖွဲ့ဝင် Baekhyun ဟာ ဒီဇင်ဘာ (၂၁)ရက်မှာ သီချင်းသစ် တစ်ပုဒ်ကို ထုတ်ဝေခဲ့ပါတယ်။ သူ့ရဲ့ solo single သီချင်းကတော့ “Amusement Park” ဖြစ်ပါတယ်။

သီချင်းက mid-tempo R&B သီချင်းတစ်ပုဒ်ဖြစ်ပြီး Piano သံ အငြိမ့်ငြိမ့်လေးနဲ့ ဂီတသံတွေကို Baekhyun ရဲ့ နူးညံ့လှပတဲ့ အသံလေးနဲ့ ရောစပ်ထားတာကြောင့် ဆောင်းအေးအေးမှာ အလွန်ကို နားထောင်လို့ ကောင်းတာပါ။

သီချင်းမှာပါတဲ့ စာသားတွေက Amusement Park မှာ ဆုံတွေ့ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးရဲ့ အချစ်မြင်ကွင်းကို ပုံဖော်ထားတာဖြစ်ပြီး စာသားအဓိပ္ပာယ်က အရမ်းကို လှတာပါ။

Baekhyun ရဲ့ Amusement Park MV ကို အောက်က ဗီဒီယိုမှာ ခံစားလိုက်ပါ။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page