K pop

■ နှစ်ကုန်ဂီတပွဲတွေ၊ ဆုပေးပွဲတွေကို K-pop အဖွဲ့တွေ တက်ကြတာ ဒါကြောင့်ပါပဲ

– – – နှစ်ကုန်ခါနီး ကျင်းပတဲ့ ဂီတပွဲတွေကို တက်ရောက်တဲ့ K-pop အဖွဲ့တွေအနေနဲ့ အကုန်အကျများတဲ့ အဲဒီပွဲတွေကို တက်ကြသလဲ …

Crayon Pop အဖွဲ့ရဲ့ အဖွဲ့ဟောင်း Way ဟာ သိပ်မကြာခင်က နှစ်ကုန်ဂီတပွဲတွေ၊ ဆုပေးပွဲတွေအကြောင်းကို သူမရဲ့ You Tube Channel မှာ ဗီဒီယိုတစ်ခုတင်ပြီး Sharing လုပ်ခဲ့ပါတယ်။

အဲဒီဗီဒီယိုမှာ ပရိသတ်တွေနဲ့ အမေးအဖြေတွေ ပါဝင်ပြီး နှစ်ကုန်ဂီတပွဲတွေမှာ တက်ရောက်တဲ့၊ ဆုရကြတဲ့ K-pop အဖွဲ့တွေအနေနဲ့ ငွေကြေးအကျိုးအမြတ်ရသလားလို့ ပရိသတ်တစ်ဦးက မေးမြန်းခဲ့ပါတယ်။

“နှစ်ကုန်ဂီတပွဲတွေ တက်ရောက်တာ ငွေကြေးတစ်ပြားတစ်ချပ်မှာ မရပါဘူး။ ဆုလေးပဲ ပေးတာပါ။ ပြီးတော့ အဲဒီပွဲကို တက်ရောက်တဲ့အတွက်လည်း ဘာမှမရပါဘူး။ အဲဒီပွဲမှာ ဖျော်ဖြေခွင့်ရတယ်ဆိုရင်တော့ ရုပ်သံထုတ်လွှင့်သူတွေက အခကြေးငွေ ပေးတာရှိပါတယ်။ ဒါပေမဲ့ သူတို့ပေးတာက ခရီးစရိတ်တောင် မကာမိပါဘူး။ ဒီတော့ ဘာမှ မရဘူးလို့ပဲ ပြောနိုင်ပါတယ်”- Way

ဒါဆို K-pop အဖွဲ့တွေအနေနဲ့ နှစ်ကုန်ဂီတပွဲတွေ၊ ဆုပေးပွဲတွေကို ဘာကြောင့်တက်ရောက်ကြသလဲဆိုတာကိုလည်း Way အခုလို ပြောဆိုခဲ့ပါတယ်။

“နှစ်ကုန်ဂီတတွေပဲ တက်ရောက်ခွင့်ရတာ၊ ဖျော်ဖြေခွင့်ရတာ ဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါကြောင့် K-pop အဖွဲ့တွေအနေနဲ့ နှစ်ကုန်ဂီတပွဲတွေကို တက်ရောက်ကြတာပါ”- Way

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page