-UNICODE
– – – ENHYPEN အဖွဲ့ဟာ ဆိုးရွားလှတဲ့ Sasaeng တွေနဲ့ ပွဲမထွက်ခင်မှာပဲ ရင်ဆိုင်ခဲ့ရပြီး….
K-pop နယ်ပယ်မှာတော့ Sasaeng တွေက အဆိုးရွားဆုံးထဲက တစ်ခုဖြစ်ပါတယ်။
Sasaeng တွေဟာ Idol တွေရဲ့ ကိုယ်ပိုင်ဘဝကို လိုက်လံနှောင့်ယှက်တဲ့အထိ မနှစ်မြို့ဖွယ်ကောင်းတဲ့လုပ်ရပ်တွေကို ပြုမူတတ်ကြတာ ဖြစ်ပါတယ်။ K-pop Idol တော်တော်များများကလည်း Sasaeng တွေရဲ့ ဆိုးဆိုးရွားရွား အပြုအမူတွေကို ကြုံတွေ့ခဲ့ရဖူးပါတယ်။
ENHYPEN အဖွဲ့ကတော့ ပွဲမထွက်ခင်ကပဲ Sasaeng တွေရဲ့ ဆိုးဆိုးရွားရွား နှောင့်ယှက်မှုကို ခံခဲ့ရပါတယ်။ ENHYPEN အဖွဲ့ဟာ I-LAND အစီအစဉ်ကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပွဲထွက်ပြီးသိပ်မကြာခင်မှာပဲ ပရိသတ်များစွာရဲ့ အားပေးခြင်းကို ရရှိလာခဲ့တာပါ။
ENHYPEN ဟာ ပွဲမထွက်ခင် ဂင်ပိုလေဆိပ်ကို ရောက်ရှိလာခဲ့ရာမှာတော့ Sasaeng တွေရဲ့ ဆိုးဆိုးရွားရွား နှောင့်ယှက်မှုကို ခံခဲ့ရပါတယ်။ အဲဒီမှာ အဖွဲ့ဝင်တွေက လူအုပ်ကြီးရဲ့ တွန်းခြင်းကို တော်တော်လေး ခံခဲ့ရပြီး Jake ဆိုရင် ငိုတောင် ငိုမိတယ်လို့ သိရပါတယ်။
တချို့ Sasaeng တွေဆိုရင် အဖွဲ့ဝင်တွေစီးမဲ့ လေယာဉ်နဲ့ ခုံနံပါတ်တွေကိုပါ လိုက်လံစုံစမ်းပြီး သူတို့စီးတဲ့ လေယာဉ်ကိုလိုက်လံစီးတဲ့အထိ ဆိုးရွားစွာ လိုက်လံနှောင့်ယှက်ခဲ့ကြတာ ဖြစ်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။
-ZAWGYI
■ ပွဲမထွက်ခင်မှာပဲ Sasaeng တွေရဲ့ ဆိုးဆိုးရွားရွား နှောင့်ယှက်ခြင်းကို ခံခဲ့ရတဲ့ ENHYPEN အဖွဲ့
Ref: Koreaboo