K pop

■ လတ်တလော အဟော့ဆုံးဖြစ်နေတဲ့ The Penthouse: War in Life ဇာတ်လမ်းတွဲကို ငြင်းဆန်ခဲ့ကြတဲ့ သရုပ်ဆောင် (၆) ဦး

– — ဒီမင်းသားတွေနဲ့ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ရမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပြီး…

လတ်တလော ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာ The Penthouse: War in Life က အလွန်ရေပန်းစားနေတာ ဖြစ်ပါတယ်။

SBS က ထုတ်လွှင့်ပြသနေတဲ့ ဒီဇာတ်လမ်းတွဲဟာ ဇာတ်လမ်းဇာတ်အိမ် ခိုင်မာလွန်းတဲ့အပြင် သရုပ်ဆောင်တွေကလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်ကြလို့ တစ်ပတ်တစ်ပတ် ပရိသတ်တွေ မျှော်လင့်နေတဲ့ ဇာတ်လမ်းတွဲကောင်းလေးပါ။

အခုအခါမှာတော့ The Penthouse: War in Life ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ လက်ခံရရှိထားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ငြင်းဆန်ခဲ့ကြတဲ့ မင်းသား (၆) ဦးကို ဖော်ပြပေးလိုက်ရပါတယ်။

သူတို့ဟာ အချိန်ဇယားအရ၊ လက်ခံရရှိတဲ့ Role နဲ့ ကိုက်ညီမှု မရှိဘူးလို့ တွေးထင်ခဲ့တာကြောင့်ရော အသီးသီးငြင်းဆန်ခဲ့ကြတာပါ။

Shin Sungrok – Joo Dantae နေရာအတွက် ကမ်းလှမ်းခံရ

Oh Manseok – Ha Yoonchul နေရာအတွက် ကမ်းလှမ်းခံရ

Ha Seokjin – Gu Hodong/Rogan Lee နေရာအတွက် ကမ်းလှမ်းခံရ

Kang Taeoh

Jung Dabin

Heo Sungtae

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

You cannot copy content of this page