K pop

■ YG Entertainment က အမျိုးသမီးအဖွဲ့သစ်တစ်ဖွဲ့ကို အမှန်တကယ်စင်တင်တော့မှာလား

—- YG ပရိသတ်တွေဟာ ညဘက် အေဂျင်စီအဆောက်အဦးထဲကိုဝင်သွားတဲ့ အမျိုးသမီး Trainee တွေကို တွေ့ရှိခဲ့….

YG Entertainment အနေနဲ့ အမျိုးသမီးအဖွဲ့သစ်ဖွဲ့ကို စင်တင်တော့မှာလားဆိုတဲ့ သုံးသပ်ချက်တွေ ဟာ သေချာသလောက်ဖြစ်လာနေပါပြီ။ YG Entertainment ဟာ အဲဒီ အကြောင်းအရာနဲ့ပတ်သက် ပြီး သေချာတိကျတဲ့ ထုတ်ပြန်မှုတော့မရှိသေးပါဘူး။

ပြီးခဲ့လတွေက YG ရဲ့အတွင်းအရေးတွေကို အလုံးစုံသိပြီး သဲလွန်စတွေပေးတတ်ဖူးတဲ့ YG Insider Eskimo ဟာ လူမှုကွန်ရက်မှာ “ မစောင့်နိုင်တော့ဘူး” Baby နဲ့ Monster Eoticons လေးဖော်ပြခဲ့ဖူး တာကြောင့် ပရိသတ်တွေဟာ ဒါ အဖွဲ့သစ်ဖြစ်နိုင်ပြီး နာမည်က ‘Baby Monsters’ ဆိုပြီး သုံးသပ်ခဲ့ ကြပါတယ်။

အခုအခါ ပရိသတ်တစ်ဦးက YG Entertainment အဆောက်အဦးထဲကို အမျိုးသမီး Trainee (၅)ဦး က ဗန်ကားထဲက ထွက်ပြီး ဝင်သွားတာကို ဗီဒီယိုအမိအရမှတ်တမ်းတင်နိုင်ခဲ့ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ နေကာ ပရိသတ်တွေရဲ့ သုံးသပ်ချက်ကို ပိုမို ထင်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။

အခုအခါ ပရိသတ်တွေက YG အနေနဲ့ နှစ်သစ်မှာ အမျိုးသမီး အဖွဲ့သစ်ကို ကြေညာ Debut လုပ်ဖွယ် ရှိနေပြီး အဖွဲ့ဝင်က (၅)ဦးလို့လည်း မှတ်ချက်ပြုမှုတွေရှိလာဖြစ်ပါတယ်။

Blackpink performs in the Sahara tent during Coachella Valley Music and Arts Festival at the Empire Polo Club in Indio on Friday, April 12, 2019. (Photo by Watchara Phomicinda, The Press-Enterprise/SCNG)

YG Entertainment ဟာ ကမ္ဘာကျော် BLACKPINK အဖွဲ့ကို မွေးထုတ်ပြီးနောက်ပြီး အမျိုးသမီးအဖွဲ့ Debut လုပ်ပေးထားခြင်းမရှိဘဲ အခုအဖွဲ့သစ်သာ အမှန်တကယ် Debut လုပ်မယ်ဆိုပါက BLACKPINK အဖွဲ့ပြီးနောက် ပထမဆုံး Debut လုပ်မယ့် အမျိုးသမီး အဖွဲ့သစ်ဖြစ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် အမှန်တကယ် ဖြစ်လာခဲ့မယ်ဆိုရင် Debut မလုပ်ခင်ကတည်းက နာမည်ကြီးမယ့် အဖွဲ့သစ် ဖြစ်လာမှာဖြစ်ပြီး အခုကတည်းက YG ပရိသတ်တွေ Stan ဖို့ အားခဲနေကြတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page