—- Kai ရဲ့ အမျိုးသမီး Back-Up Dancer တစ်ဦးဟာ Style မိုက်သလို Cele တစ်ဦးဖြစ်နိုင်တဲ့ Visual ကြောင့် ပရိသတ်တွေရဲ့ ဝိုင်းရံမှုကို ခံနေရ…
카이 백댄서라는데 진짜이쁘다 ,,,,, pic.twitter.com/t9qfQ9WDdC
— 긍정 (@didgmlcks) December 14, 2020
ကိုရီးယား လူမှုကွန်ရက်မှာ Kai ရဲ့ Back-Up Dancer တစ်ဦးဖြစ်သူ ဟာ ပရိသတ်တွေရဲ့ အာရုံစိုက်မှု ကို ခံနေရတာဖြစ်ပါတယ်။ အဆိုပါ Back-Up Dancer မလေးဟာ Kai ရဲ့ “Mmmh” မှာ Visual နဲ့ ညို့ငင်မှုတွေကြောင့် ပရိသတ်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။
သူမရဲ့ Instagram က ပုံရိပ်တွေဟာ Cele တစ်ဦးလို Aura တွေရှိတာကို ပရိသတ်တွေက သတိထား မိခဲ့ကြတာပါ။ သူမဟာ Kai နဲ့တင်အလုပ်လုပ်ဖူးတာမဟုတ်ဘဲ LOCO ၊ Zico တို့နဲ့လည်း အလုပ်လုပ် ဖူးတယ်ဆိုတာကို ဓါတ်ပုံတွေက သက်သေပြနေပါတယ်။ Instagram က သူမရဲ့ ပုံရိပ်တွေထဲက Style နဲ့ Visual တွေကို ပရိသတ်တွေက အလွန်သဘောကျခဲ့ကြသလို အခုလိုလည်း မှတ်ချက်တွေ ပြုခဲ့ကြပါတယ်။
“ အိုမိုင်းဂေါ့….အရင်တုန်းက Trainee များလုပ်ခဲ့သလား။ Cele မဟုတ်ပေမယ့် အရမ်းလှတယ်”
“ သူမကို Karina လို့ ထင်လိုက်တာ။ နောက်ပြီး STAYC အဖွဲ့ဝင်တစ်ဦးကိုလည်း သတိရစေတယ်”
“ သူမ Idol အဖြစ် Debut လုပ်နိုင်ပါစေတဲ့ ဆုတောင်းပေးတယ်”
“ ဝိုး … Back-Up Dancer ဆိုပေမယ့် အရမ်းကို လှတယ်”
“ ရိုးသားစွာပြောရရင် သူမဟာ မင်းသမီးတောင်ဖြစ်နိုင်တယ်”
-m2t
Ref: Allkpop