Celebrity

■ ငယ်စဉ်တုန်းက Han Ji Min ထက် နာမည်ပိုကြီးတဲ့ အစ်မဖြစ်သူရဲ့ အလှ

— နာမည်ကျော်မင်းသမီး Han Ji Min က သူ့အစ်မဟာ သူမထက်ပိုလှပြီး ငယ်စဉ်တုန်းက ပိုနာမည် ကြီးတဲ့သူဖြစ်တယ်လို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

Han Ji Min ဟာ  MBN’s television show ‘House of Eat Some More’ မှာဧည့်သည်အနေနဲ့ပါဝင်ခဲ့ပြီး အဲဒီမှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Han Ji Min နဲ့ Host ဖြစ်သူတွေဟာ အစားအသောက်လုပ်ဖို့ပြင်ဆင်နေကြပြီး ထိုင်နေကြစဉ်မှာ Host ဖြစ်သူတစ်ဦးဖြစ်တဲ့ Kang Ho-dong က မကြာသေးခင် လူမှုကွန်ရက်မှာဟော့ဖြစ်ခဲ့တဲ့ Han Ji Min ရဲ့ မိသားစုဓါတ်ပုံနဲ့ပါတ်သက်ပြီး Mention ပေးခဲ့ပါတယ်။

Han Ji Min က “ အာ…ကျွန်မ မှတ်မိပြီး အမေရယ်၊ ကျွန်မရယ်၊ အစ်မရယ် မိသားစုဓါတ်ပုံအောက်က Comment တွေကို ကျွန်မဖတ်လိုက်ရပါတယ်။ ကျွန်မက ရုပ်အဆိုးပါတဲ့။ ဟုတ်ပါတယ်။ တကယ် တော့ ကျွန်မတို့ငယ်စဉ်တုန်းက ကျွန်မရဲ့ အစ်မဟာ ပိုလှပြီး ပေါ်ပြူလာဖြစ်သူဖြစ်ပါတယ်။

ကျွန်မတို့နေတဲ့ မြို့လေးမှာ အစ်မကို မသိတဲ့သူမရှိပါဘူး။ လူတွေက ကျွန်မကို အစ်မဖြစ်သူရဲ့ ညီမ တစ်ယောက်လို့ပဲ သိကြတာပါ။ အစ်မဖြစ်သူရဲ့ BF ဟာ ကျွန်မတို့အိမ်ဆီဖုန်းခေါ်ပြီး မေးရင် ကျွန်မက ညဘက်ကြီး ဒီလိုမခေါ်သင့်ဘူးလို့ ပြန်ပြောပြီး ဖုန်းချပစ်တာပါ။

နောက်ပြီးအစ်မဖြစ်သူဟာ လှလည်းလှသလို ဆက်ဆံရေးလည်းကောင်းမွန်တာကြောင့် ပတ်ဝန်းကျင် ကလူတွေဟာ အစ်မကို မင်းသမီးအလုပ်နဲ့ အလွန်လိုက်ဖက်တယ်လို့ တွေးခဲ့ကြပါတယ်။ ကျွန်မအစ်မ ဟာ မင်းသမီးဖြစ်သင့်တယ်လို့ပဲ ပြောခဲ့ကြတာပါ။

ဒါပေမဲ့ ကျွန်မအစ်မဖြစ်သူဟာ ကင်မရာရှေ့မှာ ဘယ်လိုမှသက်သောင့်သက်သာမဖြစ်ပါဘူး။ ကျွန်မ ကတော့ ကင်မရာရှေ့မှာ အေးဆေးပဲဖြစ်ပြီး အခုလို မင်းသမီးအဖြစ် Debut လုပ်ဖြစ်ခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page