“No Sana No Life” တဲ့။ ONCE တွေတစ်ပြိုင်နက် ပေးအပ်ထားတဲ့ TWICE အဖွဲ့ဝင် Sana ရဲ့ ဂုဏ်ပုဒ်မဟုတ် လား။ Sana ဆိုတာ Aegyo တွေအမြဲတမ်းပြည့်နေတဲ့ Aegyo Queen၊ အမြဲတမ်းချစ်စရာကောင်းတဲ့ ဆာကူရာ လေးလို့ လူတိုင်းသိထားကြတာလေ။
TWICE အဖွဲ့ ညီအစ်မတွေအပေါ် မေတ္တာတွေယိုဖိတ်မှုကလည်း မကုန်ခမ်းနိုင်အောင်ပဲ။ Sana ရဲ့ အဖွဲ့ဝင် တွေပေါ်ထားတဲ့ ထင်ရှားတဲ့မေတ္တာရေစီးကြောင်းတစ်ခုက ဘယ်တော့မဆို ဝမ်းနည်းနေတဲ့ အဖွဲ့ဝင်ကို အားပေး တာတဲ့။ Chaeyoung က “FANCY” Showcase မှာ Sana ရဲ့ ကမ္ဘာ၊ Sana ရဲ့ အကြင်နာကို ဖောက်သည်ချခဲ့ ဖူးတယ်။
TWICE အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ မျက်နှာတွေ ပင်ပန်းလို့ဖြစ်ဖြစ်၊ ဝမ်းနည်းနေလို့ဖြစ်ဖြစ် ညိုးနွမ်းနေရင် Sana က နှစ်သိမ့်အားဆေးတိုက်ကျွေးပေးပါသတဲ့။ အဖွဲ့ဝင်တွေ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ အလျင်အမြန်ချဉ်းကပ်ပြီး စကား နဲ့ မနှစ်သိမ့်ပေးရင်တောင် အပြုအမူတွေနဲ့ နှစ်သိမ်ပေးပါတယ်တဲ့။ Sana ရဲ့ ချဉ်းကပ်ပြီး သေးငယ်တဲ့အမူအရာ ပြောဆိုမှုတွေက TWICE အဖွဲ့ဝင်တွေကို အမြဲတမ်း အင်အားဖြစ်စေခဲ့တယ်။ ဒီအတွက် Sana ဟာ အဖွဲ့ရဲ့ မရှိ မဖြစ် ဂျိုကာ တစ်ဦးဖြစ်ပြီး အဖွဲ့ဝင်တွေက အမြဲတမ်းကျေးဇူးတင်နေတယ်လို့ Chaeyoung က ဖောက်သည်ချ ခဲ့တယ်။
Sana ဟာ TWICE အဖွဲ့ဝင်တွေအားလုံးထဲမှာ ညီအစ်မကိုမောင်နှစ်မရှိတဲ့ တစ်ဦးတည်းသော သမီးတစ်ဦးပါ။ အမြဲတမ်း ညီအစ်ကိုမောင်နှစ်မလိုချင်ခဲ့သူက Sana ပါ။ ဒါကြောင့် TWICE အဖွဲ့ဟာ သူမရဲ့ ညီအစ်မ (၈)ဦး ဖြစ်ခဲ့တာမဟုတ်လား။ ညီအစ်မ (၈)ဦးကို ထာဝစဉ်ချစ်နေဖို့ ဝန်မလေးသလို အမြဲတမ်းဂရုစိုက်ဖို့လည်း တွေးနေ ခဲ့တာပါ။
Star Road အစီအစဉ်မှာ TWICE အဖွဲ့ပါဝင်တုန်းက နောင်(၁၀)နှစ်ကြာတဲ့အခါမှာ မင်းတို့ ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ရှိနေမယ်လို့ ထင်သလဲလို့ အမေးခံခဲ့ရတယ်။ Sana ရဲ့ အဖြေက ခပ်ရှင်းရှင်းပါပဲ။ “ ကျွန်မ TWICE အဖွဲ့ထဲမှာပဲရှိနေပြီး အဖွဲ့ဝင်တွေနဲ့အတူတူရှိနေမှာပါ”တဲ့။ ONCE တွေကိုရှင်းပြစရာမလိုအောင် နားလည်လွယ်စေတဲ့ အဖြေပါပဲ။ Sana ရဲ့ ကမ္ဘာ၊ Sana ရဲ့ အကြင်နာဟာ တစ်ခုတည်းပဲရှိတယ်။ အဲဒါ TWICE နဲ့ သူတို့ရဲ့ Fandom ဖြစ်တဲ့ ONCEတွေဆီမှာပါ။
-m2t
Ref: Sana Stroy