K pop

■ BH Entertainment နဲ့ Jinyoung တို့ရဲ့သတင်းတွေကို JYP တာဝန်ရှိသူ ဘယ်လိုတုံ့ပြန်ခဲ့သလဲ

-UNICODE

– – – JYP နဲ့ Jinyoung တို့ရဲ့ စာချုပ်သက်တမ်းမှာ မကြာခင် ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီသတင်းတွေနဲ့ ပတ်သက်လို့…..

ဒီဇင်ဘာ (၂၃) ရက်နေ့မှာ GOT7 အဖွဲ့ဝင် Jinyoung အနေနဲ့ JYP Entertainment နဲ့စာချုပ်သက်တမ်း ကုန်ဆုံးပါက BH Entertainment ကို ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

TV Daily ရဲ့ ဖော်ပြချက်အရ Jinyoung နဲ့ BH တို့ဟာ မကြာသေးခင်တုန်းက စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေအရတော့ Jinyoung ဟာ တခြားအေဂျင်စီတွေနဲ့လည်း စကားပြောဆိုထားထာတွေ ရှိပေမဲ့ BH Entertainment ကိုသာ သွားဖို့များနေတယ်လို့ သိရပါတယ်။

BH Entertainment ရဲ့ အတွင်းလူတစ်ဦးကတော့ Jinyoung နဲ့ စာချုပ် ချုပ်ဆိုဖို့ သတင်းမကြားမိပေမဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်း ငြင်းဆန်ခြင်း မပြုခဲ့ပါဘူး။ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး JYP Entertainment က တာဝန်ရှိသူတစ်ဦးကလည်း Jinyoung ရဲ့စာချုပ်ဟာ လာမဲ့ဇန်နဝါရီမှာ ကုန်ဆုံးမယ်ဆိုတာကို Sports Chosun ထံ အတည်ပြုပြောကြားထားခဲ့ပါတယ်။

“ွGOT7 အဖွဲ့ဝင်တွေရဲ့ စာချုပ်က လာမဲ့ဇန်နဝါရီ ပတ်ဝန်းကျင်မှာ ကုန်ဆုံးမှာပါ။ အနာပတ်နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေနဲ့ ကျွန်တော်တို့ဆွေးနွေးနေပါတယ်”လို့ JYP Entertainment က တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့တာပါ။

Xportsnews ကလည်း အေဂျင်စီတာဝန်ရှိသူတစ်ဦးက Jinyoung ကို စာချုပ်သက်တမ်း တိုးမြှင့်ရေးကိစ္စကိုရှုထောင့်ပေါင်းစုံမှာ ဖြေရှင်းနေတယ်လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

GOT7 အဖွဲ့ဝင် Jinyoungဟာ ၂၀၁၂ ခုနှစ်က“Dream High 2 ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်အဖြစ် ပွဲထွက်ခဲ့ပြီး အဲဒီနှစ်မှာပဲ အဆိုတော်အဖြစ် ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ BH Entertainment ကို ေျပာင္းေရႊ႕ေတာ့မယ္ဆုိတဲ့ Jinyoung ရဲ႕သတင္းေတြနဲ႔ ပတ္သက္ၿပီး JYP တာ၀န္ရွိသူရဲ႕ တုံ႔ျပန္ခ်က္

– – – JYP နဲ႔ Jinyoung တို႔ရဲ႕ စာခ်ဳပ္သက္တမ္းမွာ မၾကာခင္ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဒီသတင္းေတြနဲ႔ ပတ္သက္လို႔…..

ဒီဇင္ဘာ (၂၃) ရက္ေန႔မွာ GOT7 အဖြဲ႕ဝင္ Jinyoung အေနနဲ႔ JYP Entertainment နဲ႔စာခ်ဳပ္သက္တမ္း ကုန္ဆုံးပါက BH Entertainment ကို ေျပာင္းေ႐ႊ႕ဖြယ္ရွိေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့တာပါ။

TV Daily ရဲ႕ ေဖာ္ျပခ်က္အရ Jinyoung နဲ႔ BH တို႔ဟာ မၾကာေသးခင္တုန္းက စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ သတင္းေတြအရေတာ့ Jinyoung ဟာ တျခားေအဂ်င္စီေတြနဲ႔လည္း စကားေျပာဆိုထားထာေတြ ရွိေပမဲ့ BH Entertainment ကိုသာ သြားဖို႔မ်ားေနတယ္လို႔ သိရပါတယ္။

BH Entertainment ရဲ႕ အတြင္းလူတစ္ဦးကေတာ့ Jinyoung နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သတင္းမၾကားမိေပမဲ့ ေတြ႕ဆုံခဲ့တယ္ဆိုတဲ့သတင္းေတြကိုလည္း ျငင္းဆန္ျခင္း မျပဳခဲ့ပါဘူး။ အဲဒီသတင္းေတြနဲ႔ ပတ္သက္ၿပီး JYP Entertainment က တာဝန္ရွိသူတစ္ဦးကလည္း Jinyoung ရဲ႕စာခ်ဳပ္ဟာ လာမဲ့ဇန္နဝါရီမွာ ကုန္ဆုံးမယ္ဆိုတာကို Sports Chosun ထံ အတည္ျပဳေျပာၾကားထားခဲ့ပါတယ္။

“ြGOT7 အဖြဲ႕ဝင္ေတြရဲ႕ စာခ်ဳပ္က လာမဲ့ဇန္နဝါရီ ပတ္ဝန္းက်င္မွာ ကုန္ဆုံးမွာပါ။ အနာပတ္နဲ႔ ပတ္သက္ၿပီး အဖြဲ႕ဝင္ေတြနဲ႔ ကြၽန္ေတာ္တို႔ေဆြးေႏြးေနပါတယ္”လို႔ JYP Entertainment က တာဝန္ရွိသူတစ္ဦးက ေျပာဆိုခဲ့တာပါ။

Xportsnews ကလည္း ေအဂ်င္စီတာဝန္ရွိသူတစ္ဦးက Jinyoung ကို စာခ်ဳပ္သက္တမ္း တိုးျမႇင့္ေရးကိစၥကိုရႈေထာင့္ေပါင္းစုံမွာ ေျဖရွင္းေနတယ္လို႔ ေျပာဆိုခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

GOT7 အဖြဲ႕ဝင္ Jinyoungဟာ ၂၀၁၂ ခုႏွစ္က“Dream High 2 ဇာတ္လမ္းတြဲနဲ႔ သ႐ုပ္ေဆာင္အျဖစ္ ပြဲထြက္ခဲ့ၿပီး အဲဒီႏွစ္မွာပဲ အဆိုေတာ္အျဖစ္ ပြဲထြက္ခဲ့သူ ျဖစ္ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page