K pop

■ BTS ကြောင့် K-pop Idol ဖြစ်ချင်ခဲ့တာလို့ ဖွင့်ဟခဲ့တဲ့ ENHYPEN အဖွဲ့ဝင်

-UNICODE

– – – BTS က သူ့ကို Idol တစ်ယောက်ဖြစ်ချင်လာအောင် ဘယ်လို စိတ်ဓာတ်ခွန်းအားတွေ ပေးခဲ့သလဲဆိုတော့…

ENHYPEN အဖွဲ့ဝင် Sunghoon က BTS ကို လေးစားအားကျသူတစ်ယောက်ဖြစ်ပြီး BTS ကြောင့်ပဲ K-pop Idol ဖြစ်လာဖို့ အိပ်မက်မက်ခဲ့ရသူပါ။

I-LAND ရဲ့ အပိုင်းတစ်ပိုင်းမှာ Sunghoon က BTS ရဲ့ ဖျော်ဖြေမှုတစ်ခုကို သွားရောက်ခဲ့ပြီးနောက် K-pop Idol ဖြစ်ချင်လာခဲ့တဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက K-pop Idol ဖြစ်ဖို့အိပ်မက်စမက်ခဲ့တာပါ။

BTS ရဲ့ ဖျော်ဖြေပွဲတစ်ခုကို သွားခဲ့တယ်။ အဲဒီနောက် သူတို့လို စတိတ်စင်ပေါ်မှာ ရပ်တည်ချင်လာတယ်။ သူတို့လို အံ့ဖွယ်လူသားတွေ ဖြစ်ချင်လာတယ်။ ဒါကြောင့် K-pop Idol အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့Sunghoon က ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာတော့ Sunghoon ရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာခဲ့ပါပြီ။ Sunghoon ဟာ I-LAND အစီအစဉ်မှာ ပါဝင်ကာ ENHYPEN အဖွဲ့ဝင်အဖြစ် ပွဲထွက်နိုင်ခဲ့ပြီဖြစ်ပြီး သူ လေးစားအားကျခဲ့ရတဲ့ BTS အဖွဲ့ဝင်တွေနဲ့လည်းဆုံတွေ့ခွင့် ရနေပါပြီ။

Weverse Magazine ရဲ့ အင်တာဗျူးမှာ Sunghoon ဟာ BTS အဖွဲ့ဝင် Jungkook နဲ့ တွေ့ဆုံခဲ့တဲ့ အမှတ်တရ ဖြစ်ရပ်တစ်ခုကိုလည်း ဖွင့်ဟသွားခဲ့ပါတယ်။ “တစ်ခါက ကုမ္ပဏီခန်းမှာ Jungkook ကို သွားတွေ့ခဲ့ပါတယ်။ ကျွန်တော်ကနှုတ်ဆက်လိုက်တော့ သူက အရမ်းနွေးထွေးစွာ တုံ့ပြန်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်အလွန်ပျော်ခဲ့ရတယ်”လို့ Sunghoon က ဖွင့်ဟခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI








Ref: Koreaboo


You cannot copy content of this page