K pop

■ K-pop သမိုင်းတစ်လျှောက် You Tube မှာ Like အများဆုံး ရရှိတဲ့ MV (၁၀) ပုဒ်

– – – ဒီစာရင်းမှာ အဖွဲ့နှစ်ဖွဲ့ရဲ့ MV တွေသာ လွှမ်းမိုးခဲ့တာ တွေ့ရပြီး..

K-pop ရေစီးကြောင်းဟာ နောက်ပိုင်းနှစ်တွေမှာ ကမ္ဘာအနှံ့အပြား ပျံ့နှံထိုးဖောက်လာခဲ့တာ ဖြစ်ပါတယ်။

K-pop သီချင်းတွေဟာ အောင်မြင်မှုများစွာ ရရှိနေပြီး ကမ္ဘာနဲ့ချီတဲ့ စံချိန်မှတ်တမ်းကောင်းတွေလည်း ရေးထိုးနိုင်ခဲ့တာကို တွေ့ရမှာပါ။ အထူးသဖြင့် You Tube ပေါ်မှာ K-pop သီချင်းတွေက လွှွမ်းမိုးမှု ကြီးမားပါတယ်။

ဒီဘက်ခေတ်နောက်ပိုင်းမှာ နာမည်ကျော် K-pop အဖွဲ့တွေရဲ့ MV ဟာ You Tube မှာ အချိန်တိုအတွင်း Views သန်း (၁၀၀) ပြည့်မြောက်သွားတတ်တာပါ။ ဒါ့အပြင် Like အရေအတွက်လည်း အချိန်တိုအတွင်း အဆမတန် များပြားစွာ ရရှိတာကိုလည်း တွေ့ရမှာပါ။

ဒါကြောင့် အခုအခါ K-pop သမိုင်းတစ်လျှောက် You Tube မှာ Like အများဆုံး ရရှိတဲ့ MV တွေကို ဖော်ပြပေးလိုက်ရပါတယ်။

10. “Idol” by BTS : Like အရေအတွက် – ၁၄.၆၁ သန်း

9. “Fake Love” by BTS : Like အရေအတွက် – ၁၄. ၈၆ သန်း

8. “Ice Cream” by BLACKPINK & Selena Gomez : Like အရေအတွက် – ၁၅.၁ သန်း

7. “DDU-DU DDU-DU” by BLACKPINK : Like အရေအတွက် – ၁၆.၁ သန်း

6. “Kill This Love” by BLACKPINK : Like အရေအတွက် – ၁၇.၃၇ သန်း

5. “DNA” by BTS : Like အရေအတွက် – ၁၇.၄၇ သန်း

4. “How You Like That” by BLACKPINK : Like အရေအတွက် – ၁၈.၃၁ သန်း

3. “Gangnam Style” by PSY : Like အရေအတွက် – ၂၀.၂၈ သန်း

2. “Boy With Luv” by BTS : Like အရေအတွက် – ၂၀.၂၉ သန်း

1. “Dynamite” by BTS : Like အရေအတွက် – ၂၂.၇၆ သန်း

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

You cannot copy content of this page