K pop

■ SM Entertainment ဆီ ရောက်ရှိလာဖို့ Xiumin ကို ဆွဲဆောင်ခဲ့ဲတဲ့ K-pop အဖွဲ့

-UNICODE

– – – Xiumin ဟာ သူတို့ကြောင့် SM ကို ရောက်ရှိလာခဲ့ရတာပါလို့ ဖွင့်ဟခဲ့ပြီး…

EXO အဖွဲ့ဝင် Xiumin ဟာ tvN ရဲ့ talk show Life Bar မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့စဉ်တုန်းက အဆိုတော်တစ်ယောက်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ဖွင့်ဟသွားခဲ့ပါတယ်။

Xiumin ဟာ သူ့အနေနဲ့ ကျောင်းသာားဘဝမှာတုန်းက Physical Education college အတွက်သာ ပြင်ဆင်နေခဲ့ပြီး ဝါသနာအရသာ သီချင်းဆိုနေခဲ့တာလို့ ဆိုခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ တိုက်တွန်းချက်အရသာ SM ရဲ့ Audition ကို သွားရောက်ခဲ့တာလို့ Xiumin က ထုတ်ဖော်ခဲ့ပါတယ်။

“တစ်နေ့မှာ သူငယ်ချင်းက သူနဲ့အတူတူ SM Audition ကိုသွားဖို့ ကျွန်တော့်ကို စည်းရုံးခဲ့တယ်။ ကျွန်တော့်အနေနဲ့ Audition သွားဖို့ အဆင်ပြေပါ့မလားမေးတော့ သူက SM က စကေးတစ်ခုတည်းကို ကြည့်တာ မဟုတ်ကြောင်း၊ အလားအလာကောင်းရင်လည်း အဆင်ပြေတယ်လို့ သူက ပြောတယ်။ နောက်ပြီး ကျွန်တော်က SM ရဲ့ စတိုင်မျိုးတဲ့”ဆိုပြီး Xiumin က ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ ဝမ်းနည်းစွာနဲ့ အဲဒီ Audition ကို Xiumin က တစ်ယောက်တည်းသာ အောင်မြင်ခဲ့ပြီး သူငယ်ချင်းကတော့ မအောင်ခဲ့ပါဘူး။ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိကြောင်းလည်း Xiumin က ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး Xiumin က သူ့အနေနဲ့ TVXQ အဖွဲ့ကြောင့် SM Entertainment ကို ရောက်ရှိလာခဲ့တာဖြစ်ကြောင်း၊ သူက TVXQ ရဲ့ အမာခံပရိသတ်ဖြစ်ကြောင်းလည်း ထုတ်ဖော်ခဲ့ပါတယ်။

“TVXQ ကြောင့် ကျွန်တော့်အနေနဲ့ SM ကို ရောက်လာခဲ့တာပါ။ Changmin-hyung က ကျွန်တော် အကြိုက်ဆုံး စီနီယာပဲ။ TVXQ နဲ့ ပထမဆုံး စဆုံတုန်းကဆိုရင် ကျွန်တော် တစ်ကိုယ်လုံး အေးစက်နေတာပဲ။ သူတို့ပြောသမျှကို နားထောင်ချင်ခဲ့တယ်”လို့ Xiumin က ဆိုခဲ့ပါတယ်။

အဲဒီ အစီအစဉ်မှာ TVXQ အဖွဲ့ဝင် Changmin ကလည်း ပါဝင်ခဲ့ရာမှာတော့ Xiumin ဆီက ဒီလိုစကားမျိုးကြားရတာ သူတို့အတွက်လည်း ဂုဏ်ယူစရာဖြစ်ကြောင်း ဖွင်ဟခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ SM Entertainment ဆီ ေရာက္ရွိလာဖုိ႔ Xiumin ကို ဆြဲေဆာင္္ခဲ့ဲတဲ့ K-pop အဖြဲ႕

– – – Xiumin ဟာ သူတို႔ေၾကာင့္ SM ကို ေရာက္ရွိလာခဲ့ရတာပါလို႔ ဖြင့္ဟခဲ့ၿပီး…

EXO အဖြဲ႕ဝင္ Xiumin ဟာ tvN ရဲ႕ talk show Life Bar မွာ ဧည့္သည္အျဖစ္ ပါဝင္ခဲ့စဥ္တုန္းက အဆိုေတာ္တစ္ေယာက္ျဖစ္ေပၚလာပုံနဲ႔ ပတ္သက္ၿပီး ဖြင့္ဟသြားခဲ့ပါတယ္။

Xiumin ဟာ သူ႔အေနနဲ႔ ေက်ာင္းသာားဘဝမွာတုန္းက Physical Education college အတြက္သာ ျပင္ဆင္ေနခဲ့ၿပီး ဝါသနာအရသာ သီခ်င္းဆိုေနခဲ့တာလို႔ ဆိုခဲ့ပါတယ္။ သူငယ္ခ်င္းျဖစ္သူရဲ႕ တိုက္တြန္းခ်က္အရသာ SM ရဲ႕ Audition ကို သြားေရာက္ခဲ့တာလို႔ Xiumin က ထုတ္ေဖာ္ခဲ့ပါတယ္။

“တစ္ေန႔မွာ သူငယ္ခ်င္းက သူနဲ႔အတူတူ SM Audition ကိုသြားဖို႔ ကြၽန္ေတာ့္ကို စည္း႐ုံးခဲ့တယ္။ ကြၽန္ေတာ့္အေနနဲ႔ Audition သြားဖို႔ အဆင္ေျပပါ့မလားေမးေတာ့ သူက SM က စေကးတစ္ခုတည္းကို ၾကည့္တာ မဟုတ္ေၾကာင္း၊ အလားအလာေကာင္းရင္လည္း အဆင္ေျပတယ္လို႔ သူက ေျပာတယ္။ ေနာက္ၿပီး ကြၽန္ေတာ္က SM ရဲ႕ စတိုင္မ်ိဳးတဲ့”ဆိုၿပီး Xiumin က ဖြင့္ဟခဲ့ပါတယ္။

ဒါေပမဲ့ ဝမ္းနည္းစြာနဲ႔ အဲဒီ Audition ကို Xiumin က တစ္ေယာက္တည္းသာ ေအာင္ျမင္ခဲ့ၿပီး သူငယ္ခ်င္းကေတာ့ မေအာင္ခဲ့ပါဘူး။ အဆိုပါျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး သူငယ္ခ်င္းျဖစ္သူအတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္းလည္း Xiumin က ဖြင့္ဟခဲ့ပါတယ္။

ဆက္လက္ၿပီး Xiumin က သူ႔အေနနဲ႔ TVXQ အဖြဲ႕ေၾကာင့္ SM Entertainment ကို ေရာက္ရွိလာခဲ့တာျဖစ္ေၾကာင္း၊ သူက TVXQ ရဲ႕ အမာခံပရိသတ္ျဖစ္ေၾကာင္းလည္း ထုတ္ေဖာ္ခဲ့ပါတယ္။

“TVXQ ေၾကာင့္ ကြၽန္ေတာ့္အေနနဲ႔ SM ကို ေရာက္လာခဲ့တာပါ။ Changmin-hyung က ကြၽန္ေတာ္ အႀကိဳက္ဆုံး စီနီယာပဲ။ TVXQ နဲ႔ ပထမဆုံး စဆုံတုန္းကဆိုရင္ ကြၽန္ေတာ္ တစ္ကိုယ္လုံး ေအးစက္ေနတာပဲ။ သူတို႔ေျပာသမွ်ကို နားေထာင္ခ်င္ခဲ့တယ္”လို႔ Xiumin က ဆိုခဲ့ပါတယ္။

အဲဒီ အစီအစဥ္မွာ TVXQ အဖြဲ႕ဝင္ Changmin ကလည္း ပါဝင္ခဲ့ရာမွာေတာ့ Xiumin ဆီက ဒီလိုစကားမ်ိဳးၾကားရတာ သူတို႔အတြက္လည္း ဂုဏ္ယူစရာျဖစ္ေၾကာင္း ဖြင္ဟခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page