K pop

■ မူလ သတ်မှတ်ထားတဲ့ ပုံစံကို ပြောင်းလဲခဲ့ရတဲ့ Lovesick Girls ထဲ Jisoo ရဲ့ Iconic အခန်း

-UNICODE

– – – မူလအစ MV ပုံစံက အနည်းငယ် ကွဲပြားမှု ရှိနေတာဖြစ်ပြီး…

၂၀၂၀ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ BLACKPINK ရဲ့ Lovesick Girls သီချင်းဟာ အောင်မြင်မှုကြီးမားခဲ့ပြီး ပရိသတ်တွေအကြား တော်တော်လေး ရေပန်စားခဲ့တာပါ။

သီချင်းရဲ့စာသားတွေဟာ နားထောင်ရ ကောင်းလှသလို MV ဟာလည်း တော်တော်လေး ကြည့်ရကောင်းခဲ့တာ ဖြစ်ပါတယ်။ Twitter Blueroom LIVE မှာ BLACKPINK အဖွဲ့ပါဝင်ခဲ့ရာမှာတော့ Jisoo က အဲဒီ MV ထဲက သူမရဲ့ အထင်ကရ ဇာတ်ဝင်ခန်းတစ်ခုနဲ့ ပတ်သက်ပြီး ဖွင့်ဟသွားခဲ့ပါတယ်။

Jisoo ဟာ အဲဒီ MV ထဲမှာ သရုပ်ဆောင်ကောင်းမှုကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကိုလည်း ခံခဲ့ရပါတယ်။ အထူးသဖြင့် ရေထဲမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းမှာ Jisoo ရဲ့ သရုပ်ဆောင်ပိုင်းကလည်း ပီပြင်ကောင်းမွန်လွန်းခဲ့တာပါ။

အမှန်တော့ အဲဒီအခန်းဟာ မူလစီစဉ်ထားတဲ့ပုံစံနဲ့ အနည်းငယ်ကွဲပြားမှု ရှိတယ်လို့ Jisoo က ဖွင့်ဟသွားခဲ့ပါတယ။် မူလအစက သူမက ရေထဲမှာ ခုန်ရမှာ ဖြစ်ပါတယ်။ သူမဟာ ရေထဲမှာခုန်ဖို့ အကြိမ်အနည်းငယ် ကြိုးပမ်းခဲ့ပေမဲ့ ဒါရိုက်တာ ပြောသလို မခုန်နိုင်ခဲ့ဘူးလို့ Jisoo က ဖွင့်ဟခဲ့ပါတယ်။

ဒါကြောင့် နောက်မှာတော့ အဲဒီခုန်တဲ့အခန်းကို ဖြတ်ခဲ့ရပြီး ဒီအတိုင်း ရေထဲမှာ ငြိမ်ငြိမ်လေးရပ်နေတဲ့အခန်းကိုသာ ယူခဲ့ရတာ ဖြစ်ပါတယ်။ Jisoo ရဲ့ ဖွင့်ဟချက်ကို ကြားပြီးနောက်မှာတော့ BLACKPINK အဖွဲ့ဝင်တွေက Jisoo အနေနဲ့ ရိုက်ကူးရေးလုပ်နေတုန်း အကောင်းဆုံးခုန်ခဲ့ကြောင်း အားပေးခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ မူလ သတ္မွတ္ထားတဲ့ ပံုစံကို ေျပာင္းလဲခဲ့ရတဲ့ Lovesick Girls ထဲ Jisoo ရဲ႕ Iconic အခန္း

– – – မူလအစ MV ပုံစံက အနည္းငယ္ ကြဲျပားမႈ ရွိေနတာျဖစ္ၿပီး…

၂၀၂၀ ခုႏွစ္အတြင္း ထုတ္လႊင့္ခဲ့တဲ့ BLACKPINK ရဲ႕ Lovesick Girls သီခ်င္းဟာ ေအာင္ျမင္မႈႀကီးမားခဲ့ၿပီး ပရိသတ္ေတြအၾကား ေတာ္ေတာ္ေလး ေရပန္စားခဲ့တာပါ။

သီခ်င္းရဲ႕စာသားေတြဟာ နားေထာင္ရ ေကာင္းလွသလို MV ဟာလည္း ေတာ္ေတာ္ေလး ၾကည့္ရေကာင္းခဲ့တာ ျဖစ္ပါတယ္။ Twitter Blueroom LIVE မွာ BLACKPINK အဖြဲ႕ပါဝင္ခဲ့ရာမွာေတာ့ Jisoo က အဲဒီ MV ထဲက သူမရဲ႕ အထင္ကရ ဇာတ္ဝင္ခန္းတစ္ခုနဲ႔ ပတ္သက္ၿပီး ဖြင့္ဟသြားခဲ့ပါတယ္။

Jisoo ဟာ အဲဒီ MV ထဲမွာ သ႐ုပ္ေဆာင္ေကာင္းမႈေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈကိုလည္း ခံခဲ့ရပါတယ္။ အထူးသျဖင့္ ေရထဲမွာ ႐ိုက္ကူးခဲ့တဲ့ ဇာတ္ဝင္ခန္းမွာ Jisoo ရဲ႕ သ႐ုပ္ေဆာင္ပိုင္းကလည္း ပီျပင္ေကာင္းမြန္လြန္းခဲ့တာပါ။

အမွန္ေတာ့ အဲဒီအခန္းဟာ မူလစီစဥ္ထားတဲ့ပုံစံနဲ႔ အနည္းငယ္ကြဲျပားမႈ ရွိတယ္လို႔ Jisoo က ဖြင့္ဟသြားခဲ့ပါတယ။္ မူလအစက သူမက ေရထဲမွာ ခုန္ရမွာ ျဖစ္ပါတယ္။ သူမဟာ ေရထဲမွာခုန္ဖို႔ အႀကိမ္အနည္းငယ္ ႀကိဳးပမ္းခဲ့ေပမဲ့ ဒါ႐ိုက္တာ ေျပာသလို မခုန္ႏိုင္ခဲ့ဘူးလို႔ Jisoo က ဖြင့္ဟခဲ့ပါတယ္။

ဒါေၾကာင့္ ေနာက္မွာေတာ့ အဲဒီခုန္တဲ့အခန္းကို ျဖတ္ခဲ့ရၿပီး ဒီအတိုင္း ေရထဲမွာ ၿငိမ္ၿငိမ္ေလးရပ္ေနတဲ့အခန္းကိုသာ ယူခဲ့ရတာ ျဖစ္ပါတယ္။ Jisoo ရဲ႕ ဖြင့္ဟခ်က္ကို ၾကားၿပီးေနာက္မွာေတာ့ BLACKPINK အဖြဲ႕ဝင္ေတြက Jisoo အေနနဲ႔ ႐ိုက္ကူးေရးလုပ္ေနတုန္း အေကာင္းဆုံးခုန္ခဲ့ေၾကာင္း အားေပးခဲ့ၾကပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page