K pop

■ နံနက်ခင်းမှာ Kai လုပ်လေ့ရှိတဲ့အရာများ

— – – လက်ရှိမှာ ဝိတ်လျော့နေတယ်လို့ Kai က ဆိုခဲ့ပြီး (၃)လအတွင်း ကျခဲ့တဲ့ ဝိတ်နဲ့ Kai ရဲ့ နံနက်ပိုင်း ဖြတ်သန်းမှုတွေက …

MBC ရုပ်သံရဲ့ ‘I Live Alone’ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ Kai ဟာ သူ့ရဲ့ နံနက်ပိုင်းလှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် ပြသခဲ့ပြီး သူ လုပ်လေ့ရှိတဲ့ အရာတွေကိုလည်း ပြောပြခဲ့ပါတယ်။

 

Kai က “ကျွန်တော် တစ်ယောက်တည်း နေတာ (၄) လ ရှိပါပြီ။ အရမ်း ပျော်ပါတယ်။ အသက်ရှုရတာတောင် ပျော်နေတာမျိုးပေါ့။ ကျွန်တော် SM ကို ဝင်ခွင့်ရကတည်းက Dorm မှာ နေခဲ့တာပါ။ ကျွန်တော့်အသက် (၁၉)နှစ်မှာ ပွဲထွက်တာဆိုတော့ Dorm မှာ နေခဲ့တာ (၉) နှစ်လောက် ရှိပါတယ်။ အထက်တန်းကျောင်းသားဘဝကတည်းက Dorm မှာ နေခဲ့တာပါ”လို့ ဆိုပါတယ်။

 

ဆက်ပြီးတော့ Kai က သူ့ရဲ့ နံနက်ပိုင်း လှုပ်ရှားမှုတွေနဲ့ လက်ရှိမှာ ဝိတ်လျော့နေတဲ့ အကြောင်းကို ပြသခဲ့သလို၊ ပြောလည်း ပြောပြခဲ့ပါတယ်။

 

Kai ဟာ နိုးတာနဲ့ အိပ်ယာကထပြီး ဧည့်ခန်းကို လာလေ့ရှိပါတယ်။ ပြီးရင် ရေတစ်ခွက် သောက်ပြီး ဧည့်ခန်းမှာ ခဏထိုင်လေ့ရှိပါတယ်။ အဲဒီနောက်မှာတော့ နံနက်စာစားဖို့အတွက် စားသောက်ခန်းကို သွားတော့တာပါပဲ။

 

Kai က “နံနက်စာအတွက်တော့ ဒိန်ချဉ်နဲ့ အခြောက်ခံထားတဲ့ ကန်စွန်းဥကို စားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော့် Diet လုပ်နေတာကြောင့်ပါ။ (၃)လအတွင်း 4~5kg လောက်အထိ ကျွန်တော် ဝိတ်ချနိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

 

— ဃဲ
Ref: I Live Alone & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page