-UNICODE
– – – Jin ကို ဇာတ်လမ်းတွဲတွေမှာ တွေ့မြင်လိုတဲ့ ARMY တွေရဲ့ ဆန္ဒဟာ ပြင်းပြနေပြီး…..
BTS အဖွဲ့ဝင်တစ်ယောက် သရုပ်ဆောင်အဖြစ် ကူးပြောင်းမဲ့နေ့၊ တစ်နည်းအားဖြင့် Jin ကို ဇာတ်လမ်းတွဲတွေမှာ တွေ့မြင်ရမဲ့နေ့ကို ARMY တွေက စောင့်မျှော်နေကြပါတယ်။
Chicago Tribune, Variety စတဲ့ သတင်းစာတွေမှာ ရေးသားလေ့ရှိတဲ့ နာမည်ကျော် ဂျာနယ်လစ် တစ်ဦးဖြစ်တဲ့ Kim Jae Ha ကတော့ တလောတုန်းက သူ့ရဲ့ Twitter မှာ Jin ကို ဇာတ်လမ်းတွဲ ဒါမှမဟုတ် ရုပ်ရှင်တွေမှာမြင်တွေ့လိုကြောင်း ရေးသားခဲ့ပါတယ်။
“ဒါကို ကျွန်တော် အခါအားလျော်စွာ ပြောနေကျဆိုတာ သိပါတယ်။ ကျွန်တော့်အနေနဲ့ Jin ကို ရုပ်ရှင် ဒါမှမဟုတ် ကိုရီးယားဇာတ်လမ်းတွဲမှာ စုံထောက်ဇာတ်ရုပ်မျိုး၊ ကွန်မန်ဒိုဇာတ်ရုပ်မျိုး မြင်တွေ့လိုပါတယ်။ သူ့အနေနဲ့ အချိန်ဇယားတွေနဲ့ အလုပ်ရှုပ်နေတာ သိပေမဲ့ ကျွန်တော် အမှန်တကယ် မျှော်လင့်မိပါတယ။် တစ်နေ့ကျရင် Jin ဟာ ဂီတအပြင်ဘက်က သူ့ရဲ့အရည်အချင်းကို ထုတ်ပြမှာပါ”လု့ိ Kim Jae Ha က ရေးသားခဲ့ပါတယ်။
ဒါဟာ Kim Jae Ha အနေနဲ့ Jin ကို သရုပ်ဆောင်အဖြစ် မြင်တွေ့လိုကြောင်း ပြောကြားတာ ပထမဆုံးအကြိမ် မဟုတ်ဘဲ အရင်ကလည်း ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။ Jin ဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင် အရည်အချင်းရှိသူဆိုတာ MV တွေမှာဖြစ်စေ၊ အသံသရုပ်ဆောင်အနေနဲ့ဖြစ်စေ ပြသထားပြီးသားပါ။
Zootopia မှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့စဉ်တုန်းက Jin ရဲ့ အသံပိုင်းကို ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ BTS World မှာလည်း သူ့ရဲ့ သရုပ်ဆောင်မှု၊ အသံပိုင်းနဲ့ ပတ်သက်ပြီး ARMY တွေကြွေခဲ့ရပြန်ပါတယ်။
တစ်ခါက အင်တာဗျူးတစ်ခုမှာလည်း Jin က သူ့အနေနဲ့ သရုပ်ဆောင်ဖြစ်လိုတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ “အထက်ကျောင်းတုန်းက သတင်းစာ သတင်းထောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့တယ်။ ဒီအလုပ်နဲ့ နွမ်းပါးသူတွေကို ကူညီပေးချင်ခဲ့တယ်။ ဒါပေမဲ့ Queen Seondeok’ ဇာတ်လမ်းကို ကြည့်ပြီးတဲ့အခါမှာတော့ Kim Nam Gil ရဲ့ သရုပ်ဆောင်ချက်တွေက ကျွန်တော့်ကို ထိရှစေခဲ့ပြီး သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပါတယ်။ ဒါကြောင့် ကောလိပ်မှာတုန်းက ရုပ်ရှင်မေဂျာ ယူခဲ့ပါတယ်”လို့ Jin က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
ARMY တွေအားလုံး မျှော်လင့်စောင့်စားနေတဲ့အတိုင်း အနာဂတ်ကို JIn ကို သရုပ်ဆောင်အဖြစ် မြင်တွေ့ရမလားဆိုတာကတော့…..
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။
-ZAWGYI
■ သရုပ္ေဆာင္ Jin ကို ARMY ေတြ အားလံုး ေစာင့္ေမွ်ာ္္ေနၾကပါသတဲ့
– – – Jin ကို ဇာတ္လမ္းတြဲေတြမွာ ေတြ႕ျမင္လိုတဲ့ ARMY ေတြရဲ႕ ဆႏၵဟာ ျပင္းျပေနၿပီး…..
BTS အဖြဲ႕ဝင္တစ္ေယာက္ သ႐ုပ္ေဆာင္အျဖစ္ ကူးေျပာင္းမဲ့ေန႔၊ တစ္နည္းအားျဖင့္ Jin ကို ဇာတ္လမ္းတြဲေတြမွာ ေတြ႕ျမင္ရမဲ့ေန႔ကို ARMY ေတြက ေစာင့္ေမွ်ာ္ေနၾကပါတယ္။
Chicago Tribune, Variety စတဲ့ သတင္းစာေတြမွာ ေရးသားေလ့ရွိတဲ့ နာမည္ေက်ာ္ ဂ်ာနယ္လစ္ တစ္ဦးျဖစ္တဲ့ Kim Jae Ha ကေတာ့ တေလာတုန္းက သူ႔ရဲ႕ Twitter မွာ Jin ကို ဇာတ္လမ္းတြဲ ဒါမွမဟုတ္ ႐ုပ္ရွင္ေတြမွာျမင္ေတြ႕လိုေၾကာင္း ေရးသားခဲ့ပါတယ္။
“ဒါကို ကြၽန္ေတာ္ အခါအားေလ်ာ္စြာ ေျပာေနက်ဆိုတာ သိပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ Jin ကို ႐ုပ္ရွင္ ဒါမွမဟုတ္ ကိုရီးယားဇာတ္လမ္းတြဲမွာ စုံေထာက္ဇာတ္႐ုပ္မ်ိဳး၊ ကြန္မန္ဒိုဇာတ္႐ုပ္မ်ိဳး ျမင္ေတြ႕လိုပါတယ္။ သူ႔အေနနဲ႔ အခ်ိန္ဇယားေတြနဲ႔ အလုပ္ရႈပ္ေနတာ သိေပမဲ့ ကြၽန္ေတာ္ အမွန္တကယ္ ေမွ်ာ္လင့္မိပါတယ။္ တစ္ေန႔က်ရင္ Jin ဟာ ဂီတအျပင္ဘက္က သူ႔ရဲ႕အရည္အခ်င္းကို ထုတ္ျပမွာပါ”လု႔ိ Kim Jae Ha က ေရးသားခဲ့ပါတယ္။
ဒါဟာ Kim Jae Ha အေနနဲ႔ Jin ကို သ႐ုပ္ေဆာင္အျဖစ္ ျမင္ေတြ႕လိုေၾကာင္း ေျပာၾကားတာ ပထမဆုံးအႀကိမ္ မဟုတ္ဘဲ အရင္ကလည္း ထုတ္ေဖာ္ေျပာဆိုထားဖူးပါတယ္။ Jin ဟာ သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္ရင္ အရည္အခ်င္းရွိသူဆိုတာ MV ေတြမွာျဖစ္ေစ၊ အသံသ႐ုပ္ေဆာင္အေနနဲ႔ျဖစ္ေစ ျပသထားၿပီးသားပါ။
Zootopia မွာ အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့စဥ္တုန္းက Jin ရဲ႕ အသံပိုင္းကို ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾကပါတယ္။ BTS World မွာလည္း သူ႔ရဲ႕ သ႐ုပ္ေဆာင္မႈ၊ အသံပိုင္းနဲ႔ ပတ္သက္ၿပီး ARMY ေတြေႂကြခဲ့ရျပန္ပါတယ္။
တစ္ခါက အင္တာဗ်ဴးတစ္ခုမွာလည္း Jin က သူ႔အေနနဲ႔ သ႐ုပ္ေဆာင္ျဖစ္လိုတဲ့အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “အထက္ေက်ာင္းတုန္းက သတင္းစာ သတင္းေထာက္ျဖစ္ဖို႔ အိပ္မက္မက္ခဲ့တယ္။ ဒီအလုပ္နဲ႔ ႏြမ္းပါးသူေတြကို ကူညီေပးခ်င္ခဲ့တယ္။ ဒါေပမဲ့ Queen Seondeok’ ဇာတ္လမ္းကို ၾကည့္ၿပီးတဲ့အခါမွာေတာ့ Kim Nam Gil ရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြက ကြၽန္ေတာ့္ကို ထိရွေစခဲ့ၿပီး သ႐ုပ္ေဆာင္ျဖစ္ဖို႔ အိပ္မက္မက္ခဲ့ပါတယ္။ ဒါေၾကာင့္ ေကာလိပ္မွာတုန္းက ႐ုပ္ရွင္ေမဂ်ာ ယူခဲ့ပါတယ္”လို႔ Jin က ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။
ARMY ေတြအားလုံး ေမွ်ာ္လင့္ေစာင့္စားေနတဲ့အတိုင္း အနာဂတ္ကို JIn ကို သ႐ုပ္ေဆာင္အျဖစ္ ျမင္ေတြ႕ရမလားဆိုတာကေတာ့…..
Ref: Koreaboo
* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။