Celebrity

■ Kim Jong Kook ရဲ့ အရှက်ကို ကယ်တင်လိုက်တဲ့ Ji Hyo ရဲ့ လုပ်ရပ်ကို ပရိသတ်တွေ ချီးကျူး

—- Running Man အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်လို ရင်းနှီးတဲ့ ဆက်ဆံရေးကို ပရိသတ်တွေ အားလုံး သိတယ်မှတ်လား….

SBS Entertainment Awards ဆုပေးပွဲမှာ RM အဖွဲ့ဝင် Kim Jong Kook ဟာ Running Man နဲ့ My Little Old Boy စတဲ့ Variety Show တွေကြောင့် Grand Prize ဆုကို ရရှိခဲ့တာ အားလုံးသိကြပါ တယ်။

အဲဒီဆုပေးပွဲမှာ ဆုလက်ခံစကားပြောဖို့အတွက် Kim Jong Kook က စင်ပေါ်ကိုတက်တဲ့အခါ Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Song Ji Hyo က Kim Jong Kook ရဲ့ Butt အရှက်ကို ကာ ကွယ်ခဲ့တာပါ။

ဖြစ်ချင်တော့ Kim Jong Kook ဟာ ထိုင်ရာကနေ ထတဲ့အခါ သူ့ ဖင်အိတ်မှာ Mask က တန်းလန်း ကြီးဖြစ်နေတာဖြစ်ပါတယ်။ ဒါကို Song Ji Hyo က တွေ့ပြီး အလျင်အမြန်ပဲ နင်ဂျာလက်ကွက်နဲ့ Kim Jong Kook တောင် မသိလိုက် ပြေးပြီး ယူလိုက်တာဖြစ်ပါတယ်။

Song Ji Hyo သာ မတွေ့လိုက်ပဲ အလျင်အမြန်မယူခဲ့ရင် Kim Jong Kook အနေနဲ့ ဖင်မှာ Mask တန်းလန်းကြီးဖြစ်နေမှာပါ။ ဒီလို Kim Jong Kook ရဲ့ အရှက်ကို ကယ်တင်လိုက်တဲ့ Song Ji Hyo ရဲ့ အပြုအမူကို K Netizen တွေက ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page