K pop

■ စစ်မှုထမ်းပြီးနောက် Xiumin ရဲ့ ပထမဆုံး အင်တာဗျူး

— Welcome Back !!! Xiumin …. မျှော်နေတဲ့ EXO-L တွေအတွက် Xiumin ရဲ့ ပထမဆုံး အင် တာဗျူးလာပြီ…

EXO အဖွဲ့ဝင် Xiumin ဟာ စစ်မှုတာဝန်ထမ်းဆောင်းပြီးနောက် Allure နဲ့ ပထမဆုံးအကြိမ် အင် တာဗျူးပြုလုပ်ခဲ့ပြီး EXO-L တွေရဲ့ သိလိုသမျှတွေကို ဖြေပေးခဲ့ပါတယ်။

Q : မင်းဟာ အခုဆိုရင် တရားဝင် အသက် 30 ကျော်သွားပြီပေါ့။ အသက် 30 ကျော်မှာ လုပ်ချင်တဲ့ Bucket List တော့ရှိတယ်မဟုတ်လား။ အသက် 20 ကျော်ရွယ်အစ ပရိသတ်တွေအတွက် ဘာ ပြောချင်လဲ ?

Xiumin : ကျွန်တော့်ရဲ့ အသက် 30 ကျော်အရွယ် Bucket List ကတော့ Solo Album ထွက်ဖို့နဲ့ Solo Concert လုပ်ဖို့ပါပဲ။ အသက် 20 ကျော်အရွယ်အစ ပရိသတ်တွေကို ပြောချင်တဲ့စကားကတော့ လက် ရှိအခိုက်အတန့်မှာ မင်းတို့လုပ်ချင်တာကို လုပ်ပါဆိုတဲ့ စကားပါပဲ။

Q : မင်းရဲ့ Bucket List ထဲက အကြီးဆုံးအကြောင်းအရာတစ်ခုကို ပြောနိုင်မလား။ မနက်ဖြန် မင်းလုပ်ချင်တဲ့ Bucket List ထဲက အသေးဆုံးအရာကရော ဘာလဲ ?

Xiumin : ကျွန်တော့်ရဲ့ Bucket List ထဲက အကြီးဆုံးအကြောင်းအရာကတော့ ကျွန်တော်ပြောခဲ့သ လို အောင်မြင်ပြီးမြောက်ချင်တာပါ။ နောက်ပြီး ဖြစ်နိုင်မလားဆိုတာ မသိနိုင်ပေမယ့် EXO ပရိသတ် တွေနဲ့ ကြီးမားတဲ့ ညစာစားချင်တာဖြစ်ပါတယ်။ Bucket List ထဲက အသေးဆုံးအရာကတော့ ဟန် မြစ်ကို သွားချင်တာဖြစ်ပြီး အဲဒီမှာ ခေါက်ဆွဲပြုတ်စားချင်ပါတယ်။

Q : မင်းရဲ့ မကြာခင်ထည့်ထားတဲ့ Playlist သီချင်းက ?

Xiumin : Kai ရဲ့ ‘Mmmh’ သီချင်းပါ။

Q : မင်းဟာ အခုဆိုရင် စစ်မှုတာဝန်ထမ်းဆောင်ပြီးပြီ။ အခုလုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောမှာ မင်းရဲ့ Hair Style ကို ဘယ်လိုလုပ်ချင်သလဲ ?

Xiumin : စစ်မှုတာဝန်မထမ်းဆောင်ခင်မှာ ကျွန်တော် အနည်းငယ် ငြီးငွေ့နေခဲ့ပါတယ်။ ကျွန်တော် ဟာ ဆံပင်တိုနဲ့ပဲ နေခဲ့ရပါတယ်။ အခုတော့ ကျွန်တော် လွတ်လပ်သွားပါပြီ။ ကျွန်တော် အခု ဆံပင် ရှည်ထားချင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဆံပင်ရှည်နဲ့ ကြည့်ချင်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page