K pop

■ ၂၀၂၀ ခုနှစ်အတွင်း Netflix မှာ Stream အများဆုံး ကိုရီးယားဇာတ်လမ်းတွဲ (၁၀) ခု

– – – -ဒီဇာတ်လမ်းတွဲတွေဟာ ၂၀၂၀ ခုနှစ်အတွင်း Netflix မှာ ရေပန်းအစားဆုံး ဇာတ်လမ်းတွဲတွေဖြစ်ပြီး…..

၂၀၂၀ ခုနှစ်အတွင်းမှာ ကိုရီးယားဇတ်ာလမ်းတွဲ အများအပြားကလည်း ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ကြတာပါ။ ဒီဇာတ်လမ်းတွဲတွေထဲကမှ Netflix မှာ Stream အများဆုံး ကိုရီးယားဇာတ်လမ်းတွဲတွေကို ဖော်ပြပေးလိုက်ရပါတယ်။

10. The World of the Married

Kim Hee Ae, Park Hae Joon နဲ့ Han So Hee တို့ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲကလည်း ထုတ်လွှင့်စဉ်က တေ်ာတော်လေး ရေပန်းစားခဲ့တာပါ။ ဒီနှစ်အတွင်း တစ်ကမ္ဘာတစ်ဝှမ်းလုံး အတိုင်းအတာမှာတော့ The World of the Married က အဆင့် (၉၉) မှာ ရှိနေပါတယ်။

9. Stranger

tvN က ထုတ်လွှင့်တဲ့ ဒီဇာတ်လမ်းတွဲကတော့ Netflix ရဲ့ ကိုရီးယားဇာတ်လမ်းတွဲစာရင်းမှာ အဆင့် (၉) နေရာမှာရှိနေပြီး ကမ္ဘာတစ်ဝှမ်း အတိုင်းအတာနဲ့ဆိုရင့် အဆင့် (၉၅) မှာ ရှိပါတယ်။

8. Mystic Pop-Up Bar

ထူးခြားဆန်းကြယ်ပြီး ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲလေး Mystic Pop-Up Bar ကလည်း ဒီနှစ်အတွင်း လူကြိုက်များနေပြီး Netflix ရဲ့ ကမ္ဘာတစ်လှမ်းလုံးမှာတော့ အဆင့် (၈၆) နေရာမှာ ရှိနေပါတယ်။

7. Was it Love?

Was it Love? ကတော့ ကိုရီးယားဇာတ်လမ်းတွဲစာရင်းမှာ အဆင့် (၇) နေရာမှာ ရှိနေပြီး ကမ္ဘာတစ်လှမ်းအတိုင်းအတာမှာ အဆင့် (၇၁) ပါ။

6. Hospital Playlist

Jo Jung Suk, Yoo Yeon Seok, Jung Kyung Ho, Kim Dae Myung နဲ့ Jeon Mi Do တို့ရဲ့ ဇာတ်လမ်းတွဲလေးကလည်း ထုတ်လွှင့်စဉ်က ပရိသတ် အများအပြားရဲ့ ဝန်းရံအားပေးခြင်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။

5. Crash Landing on You

ဗိုလ်ကြီးတို့အတွဲရဲ့ Crash Landing on You ကတော့ ကိုရီးယားဇာတ်လမ်းတွဲစာရင်းမှာ အဆင့် (၅) နေရာ ရှိနေပြီး ကမ္ဘာတစ်လှမ်းလုံး အတိုင်းအတာမှာတော့ အဆင့် (၅၇) မှာ ရှိနေပါတယ်။

4. Record of Youth

Park Bo Gum, Park So Dam, Byeon Woo Deok တို့ရဲ့ Record of Youth ကတော့ အဆင့် (၄) မှာ ရှိနေပြီး ကမ္ဘာတစ်လှမ်လုံးမှာ အဆင့် (၄၇) ပါ။ လူငယ်တွေရဲ့ အိပ်မက်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲပါပဲ။

3. The King: Eternal Monarch

ဒီနှစ်အတွင်း တော်တော်လေး ဂယက်ထပြီး ဟော့ခဲ့တဲ့ Lee Min Ho ရဲ့ The King ကတော့ အဆင့် (၃) နေရာမှာရှိနေပြီး ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာမှာတော့ အဆင့် (၃၅) ပါ။

2. Start-Up

မကြာခင်ကမှ ထုတ်လွှင့်ပြီးစီးသွားတဲ့ Start-Up ကတော့ အဆင့် (၂) နေရာမှာ ရှိနေပြီး ကမ္ဘာတစ်ဝှမ်းလုံး အတိုင်းအတာမှာတော့ အဆင့် (၃၂) ပါ။

1. It’s Okay to Not Be Okay

၂၀၂၀ ခုနှစ်အတွင်း Netflix မှာ Stream အများဆုံး ကိုရီးယားဇာတ်လမ်းတွဲကတော့ It’s Okay to Not Be Okay ပါ။ Kim Soo Hyun နဲ့ Seo Ye Ji တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး တော်တော်လေး ခံစားရပြီး ကြည့်ကောင်းလွန်းတဲ့ ဇာတ်လမ်းတွဲပါပဲ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်

အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

You cannot copy content of this page