K pop

■ BLACKPINK ရဲ့ Coachella ဖျော်ဖြေပွဲကို ဘာကြောင့်မကြည့်သလဲဆိုတာကို Jennie ဖွင့်ဟ

— – – Jennie ဟာ သူတို့ရဲ့ အဖွဲ့ရဲ့ Coachella ဖျော်ဖြေပွဲကို လုံဝမကြည့်ပါဘူးတဲ့။ အကြောင်းကတော့ ဒီလို ရှိပါတယ်။

အမေရိကန်ဂီတပွဲတော် Coachella မှာ ဖျော်ဖြေခဲ့တာဟာ BLACKPINK အဖွဲ့ရဲ့ အကောင်းဆုံးဖျော်ဖြေမှုတွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို သံသယရှိစရာ မလိုပါဘူး။ ၂၀၁၉ ဧပြီလ (၁၂)ရက်နဲ့ (၁၉)ရက်တွေမှာ ဖျော်ဖြေခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ ဖျော်ဖြေမှုကို ပရိသတ်တွေ ဒီနေ့အထိ အမှတ်ရနေကြဆဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is blackpink9.jpg

အဲဒီဖျော်ဖြေပွဲနဲ့ပတ်သက်လို့ Jennie က “Coachella က ကျွန်မတို့ ဘယ်တော့မှ မမေ့နိုင်မယ့် အခိုက်အတန့် ဖြစ်ပါတယ်။ ပြီးတော့ Coachella ဖျော်ဖြေပွဲဟာ ကျွန်မတို့အတွက် အရမ်းအရေးပါပြီး အဲဒီပွဲကြောင့် ကျွန်မတို့ ယုံကြည်မှုတွေ ပိုရရှိခဲ့တယ်”လို့ ဆိုပါတယ်။

This image has an empty alt attribute; its file name is Jennie-1.jpg

ဆက်ပြီးတော့ Jennie က သူတစ်ယောက်တည်းအနေနဲ့ ပြောရမယ်ဆိုရင် Coachella မှာ ဖျော်ဖြေပြီးနောက်မှာ သူမအနေနဲ့ ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါပေမဲ့ Jennie ဟာ သူတို့ရဲ့ Coachella ဖျော်ဖြေမှုကို အခုထိ လုံးဝပြန်မကြည့်ဘူးလို့ အံ့အားသင့်ဖွယ် ဝန်ခံခဲ့ပါတယ်။

This image has an empty alt attribute; its file name is blackpink-23-1024x576.jpg

Jennie က “Coachella မှာ ဖျော်ဖြေတုန်းက ကျွန်မ အရမ်းကြောက်နေခဲ့တာပါ။ စင်ပေါ်တက်ပြီး ‘BLACKPINK in your area!’ လို့ အော်နိုင်မယ်လို့ မထင်ခဲ့ပါဘူး။ Coachella ဖျော်ဖြေမှုကို ဒီနေ့အထိ ကျွန်မ မကြည့်သေးပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ကျွန်မ အရမ်းစိတ်လှုပ်နေခဲ့လို့ပါ”လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ Jennie က Coachella မှာ ဖျော်ဖြေခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်ကြောင်းနဲ့ အရမ်းပျော်ခဲ့ရကြောင်းလည်း ဆိုခဲ့ပါတယ်။ BLACKPINK အဖွဲ့ဟာ ကမ္ဘာအကြီးမားဆုံး ဂီတပွဲတော်ဖြစ်တဲ့ Coachella မှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော အမျိုးသမီး K-pop အဖွဲ့လည်း မှတ်တမ်းတင်ထားပါတယ်။

You cannot copy content of this page