K pop

■ ARMY တွေကို ခရစ္စမတ်မှာ နှင်းပန်းလက်ဆောင်ပေးခဲ့တဲ့ BTS V

— – – V က နှင်းပန်းပေးခဲ့သလို၊ Jimin ကလည်း ….

BTS အဖွဲ့ဝင်တွေဖြစ်တဲ့ V နဲ့ Jimin တို့ဟာ ခရစ္စမတ်လက်ဆောင်တွေအဖြစ် ARMY တွေအတွက် ဒီဇင်ဘာ (၂၃)ရက်နဲ့ ဒီဇင်ဘာ (၂၄)ရက်တွေမှာ သီချင်းသစ်တွေ ထုတ်လွှင့်ခဲ့ကြတာ ဖြစ်ပါတယ်။

V ဟာ ကိုယ်တိုင် ရေး၊ ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ “Snow Flower” လို့ အမည်ပေးထားတဲ့ ခရစ္စမတ်သီချင်းကို ဒီဇင်ဘာ (၂၄)ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။

အဲဒီသီချင်းမှာ V နဲ့အတူ သူ့ရဲ့သူငယ်ချင်းတစ်ဦးဖြစ်တဲ့ Peakboy ဆိုသူက Featuring အဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။ V က သူ့အနေနဲ့ Mixtape ကြာနေတာကြောင့် ဒီသီချင်းက ARMY တွေကို တောင်းပန်တဲ့အနေနဲ့ ထုတ်တာလို့ ဆိုပါတယ်။

V လိုပဲ တခြား BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jimin ကလည်း Christmas Love လို့ အမည်ပေးထားတဲ့ သီချင်းတစ်ပုဒ်ကို ARMY တွေအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ထုတ်ဝေခဲ့ပါတယ်။

ဒီသီချင်းက အားလပ်ရက်တွေမှာ Jimin ရဲ့ စိတ်ကူးထဲမှာ ရှိတာတွေကို ပုံဖော်ထားတာဖြစ်လို့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။

— ဃဲ
Ref: Soompi & AKP & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page