K pop

■ မော်ဒယ်၊ မင်းသမီးကို mာမရယူမှုနဲ့ အသက်(၄၀)အရွယ် မင်းသား စွပ်စွဲခံရ

— – – အဲဒီမင်းသားက ၂၀၂၀ ထုတ် ဇာတ်လမ်းတွဲမှာ လောလောလတ်လတ်သရုပ်ဆောင်ခဲ့ …

ကိုရီးယားမီဒီယာ Sports Kyunghyang က Exclusive report အနေနဲ့ အသက်(၄၀)အရွယ် မင်းသားတစ်ဦး (Mr.A လို့ ဆိုပါစို့)က ငယ်ရွယ်တဲ့ မော်ဒယ်၊ မင်းသမီးတစ်ဦး (Mr.B လို့ ဆိုပါစို့)ကို mာမရယူမှုနဲ့ စွပ်စွဲခံထားရတယ်လို့ တင်ပြခဲ့ပါတယ်။

Ms.B ရဲ့ သူငယ်ချင်းက Mr.A က Gyeonggi-do မှာ သူ့အိမ်မှာ သူငယ်ချင်းတွေနဲ့အတူ ပါတီပွဲ ကျင်းပမယ်လို့ ဆွဲဆောင်ခဲ့ကြောင်း၊ Ms.B မှာ ကားမရှိတဲ့အတွက် Mr.A က Ms.B ကို ကားနဲ့လာကြိုခဲ့ကြောင်း၊ အိမ်ကို ရောက်တဲ့အခါ ဘယ်ပါတီမှ မရှိဘူးဆိုတာကို Ms.B နားလည်ခဲ့ကြောင်း ပြောပါတယ်။

အဲဒီမှာ Ms.B က အိမ်ပြန်ဖို့ လုပ်ခဲ့ပေမဲ့ Mr.A က Ms.B ကို တားဆီးခဲ့ပြီး ပထမက နောက်ပြောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနိုင်ကျင့်ကာ mာမရယူခဲ့ကြောင်း၊ အဲဒီဖြစ်စဉ်အတွင်း Ms.B ဟာ ရုန်းကန်ခဲ့တာကြောင့် Mr.A ရိုက်နှက်မှုတွေ လုပ်ခဲ့လို့ Ms.B မှာ ပွန်းပဲဒဏ်ရာတွေ ရရှိခဲ့ကြောင်းလည်း Sports Kyunghyang က ဖော်ပြခဲ့ပါတယ်။

Mr.A နဲ့ Ms.B တို့ သိတာ (၅)နှစ်လောက်ရှိပါပြီ။ Mr.A ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဟာ တစ်ခါတုန်း Ms.B နဲ့ တွဲခုတ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ Ms.B ကို အနိုင်ကျင့်ခဲ့တဲ့ Mr.A ဟာ ၂၀၂၀ ထုတ် Good Casting ဇာတ်လမ်းတွဲ၊ ၂၀၂၀ ထုတ် Beasts that Cling to the Straw ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။ အဲဒီအမှုကို လက်ရှိမှာစုံးစမ်းနေပြီး ဇန်နဝါရီ (၁၆)ရက်မှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

— ဃဲ
Source: Sports Kyunghyang

You cannot copy content of this page