K pop

■ Rosé ရဲ့ မေတ္တာစာမှာ မမ Hyeri ကျဆုံး

— – – Hyeri အတွက် ရေးထားတဲ့ Rosé ရဲ့ မေတ္တာစာက ဘယ်လောက်ထိအောင် လှသလဲဆိုရင် …

Girls’ Day အဖွဲ့ဝင် Hyeri နဲ့ BLACKPINK အဖွဲ့ဝင် Rosé တို့ရဲ့ ချစ်စဖွယ်ဆက်ဆံရေးကို K-Pop ပရိသတ်တွေ တော်တော်များများ သိကြမှာပါ။ အသက်အားဖြင့် ကွာသလို Generation ကွာပေမဲ့ သူတို့ဟာ တစ်ပတ်တစ်ခါလောက် မတွေ့ရရင် မနေနိုင်တဲ့ သူငယ်ချင်းဆက်ဆံရေးလို့ ဆိုပါတယ်။

သိပ်မကြာခင်ကတော့ BLACKPINK အဖွဲ့ဝင် Rosé ဟာ သူ့မမ Hyeri အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် Hyeri ရဲ့ Frightening Cohabitation ဇာတ်လမ်းတွဲ ရိုက်ကွင်းကို Food Truck ကားတစ်စီး လက်ဆောင်ပို့ခဲ့ပါတယ်။

အဲဒီ Food Truck နဲ့အတူ Rosé က “ဒီဓာတ်ပုံလေးကို ကြည့်ပြီးတော့ အရမ်းလန့်တတ်တဲ့ မမလှလှ Hyeri ကျေးဇူးပြုပြီး သန်မာကြံ့ခိုင်ပါစေ။ ဖိုက်တင်း ‘Frightening Cohabitation’။ မမ ပါးစပ်ကျယ်တာ သိပေမဲ့ စားတဲ့အခါ တစ်လုပ်တည်းနဲ့ အများကြီး မစားပါနဲ့။ ကျန်းမာရေး ဂရုစိုက်ပါ။ ကော်ဖီ ပူပူလေးသောက်ပါ”လို့ မေတ္တစာ ရေးခဲ့တာပါ။

Girls’ Day အဖွဲ့ဝင် Hyeri နဲ့ BLACKPINK အဖွဲ့ဝင် Rosé ရဲ့ လက်ဆောင်ကို အမြတ်တနိုးနဲ့ တန်ဖိုးထားကြောင်း ပြသတဲ့အနေနဲ့ သူမနဲ့ Rosé ဓာတ်ပုံကို နမ်းဖို့ ကြိုးစားနေတဲ့ ဓာတ်ပုံနဲ့ ကျေးဇူးတင်ကြောင်း IG မှာ ရေးသားခဲ့ပါတယ်။

“ငါ့ရဲ့ အသည်းလေး Chaeyoung။ ခရစ္စမတ် အထူးလက်ဆောင်အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ခရစ္စမတ်ကို အခုမှ သတိရတယ်။ ဂရုစိုက်မှုအတွက် ရင်ထဲ ခံစားရပါတယ်။ မင်းကို ချစ်တယ် Park Rosé”ဆိုပြီး Hyeri က ရေးသားခဲ့တာပါ။

ပရိသတ်တွေကတော့ Girls’ Day အဖွဲ့ဝင် Hyeri နဲ့ BLACKPINK အဖွဲ့ဝင် Rosé တို့ရဲ့ ချစ်စဖွယ်ဆက်ဆံရေးကို အားကျနေကြပြီး ဒါမျိုးမြင်ရတာ ပျော်စရာကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page